Latest News

Sunday, May 27, 2018

အရည်အသွေးနှင့် ထွက်နှုန်းကောင်းမွန်သည့် စပါးများကို တင်း ၁၀၀လျှင် ကျပ်ခြောက်သိန်းဈေး ရရှိနိုင်ရန် တောင်သူများမျှော်လင့်

အရည်အသွေးနှင့် ထွက်နှုန်းကောင်းမွန်သည့် စပါးများကို တင်း ၁၀၀လျှင် ကျပ်ခြောက်သိန်းဈေး ရရှိနိုင်ရန် တောင်သူများမျှော်လင့်

မန္တလေး  မေ  ၂၇

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်ထွက်ရှိသည့် မိုးစပါးများမှာ အရည်အသွေးနှင့် အထွက်နှုန်း ကောင်း မွန်ခြင်းကြောင့် တင်းတစ်ရာလျှင်အနည်းဆုံးငွေကျပ်ခြောက်သိန်းနှုန်းရရှိနိုင် တောင်သူများ
မျှော်လင့်လျက်ရှိ ကြောင်း စပါးစိုက်ပျိုးသည့် တောင်သူများထံကသိရသည်။

`` ဒီနှစ် မိုးစပါးက စထွက်နေပါပြီး ရာသီဥတုကလည်းဆိုးဆိုးဝါးဝါးမရှိတဲ့ အတွက် ထွက်ရှိမှုနှုန်းကောင်းမှာဖြစ် တယ်၊ အခုလည်း
စတင်ရိတ်သိမ်းနေပါပြီး အရည်အသွေးကလည်းကလည်း ကောင်း တာကြောင့် နိုင်ငံတော်ကတင်း ၁၀၀ကို ငါးသိန်းသတ်မှတ်ထားပေမယ့် အနိမ့်ဆုံးဈေးကျပ်ခြောက်သိန်းဝန်းကျင် လောက်နဲ့ ရောင်းချရ မယ်လို့ မျှော်လင့်ပါတယ်၊ ``ဟု ပုသိမ်ကြီးမြို့နယ် တောင်သူ ဦးသိန်းကပြောသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရွှေသွယ်ရင်၊ မီးတောက်နှင့်ပုလဲသွယ်စပါးမျိုးများ အား အဓိကစိုက်ပျိုးထားရှိပြီး ဇွန်လဒုတိယသီးတင်ပတ်ခန့် တွင် မန္တလေးတိုင်းအတွင်း၌ သက်ကြီးစပါးများမှလွဲ၍ကျန်သော စပါးမျိုးပေါင်းစုံ ထွက်ရှိလာတော့မည်ဖြစ်သောကြောင့် ယခုကဲ့သို့မျှော်လင့်နေကြခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှ ဆန်များအား ဈေးချဝယ်ယူနေခြင်း၊ နယ်ပေါင်းစုံမှ စပါးများထွက်ရှိလာတော့ မည်ခြင်းကြောင့်ဈေးနှုန်းကောင်းရရှိနိုင်ရန် မလွယ် ကူကြောင်း မန္တလေးတိုင်း ဒေသ ကြီးဆန်စပါးကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်ကျော်နိုင် ကပြောသည်။

`` ဧရာဝတီတိုင်းက မိုးစပါးတွေထွက်ရှိခဲ့ပြီးပေမယ့် ဈေးကွက်ထဲမှာ ငါးသိန်းဝန်းကျင်လောက်နဲ့ပဲ ရောင်းချ နေရတယ်၊ ၀ယ်သူလည်း သိပ်မရှိဘူး၊တရုတ်နိုင်ငံဘက်ကို တင်ပို့ရာမှာ သူတို့ပေးတဲ့ဈေးနဲ့ မရောင်းနိုင်တော့တင်ပို့မှုနည်းနေတယ်၊ ဒါကြောင့် ဒီနှစ်စပါးဈေးက သိပ်မကောင်းနိုင်ဘူး`` ဟု၎င်းကပြောသည်။သင်္ကြန်မတိုင်ခင်အချိန်က ဆန်ဈေးနှုန်းများမှာ ငါးဆယ်ကီလိုတစ်အိတ်လျှင်ကျပ်၂၅၀၀၀ ခန့်ရှိခဲ့ပြီး သင်္ကြန် ပြီးချိန် တွင် ၂၄၀၀၀ကျပ်အထိကျဆင်းလာခဲ့ကြောင်း၊ ယခုမေလစတုတ္ထပတ်တွင် ၂၃၀၀၀ ကျပ်ဝန်းကျင်ခန့်ထိဈေး နှုန်းကျဆင်းလျက်ရှိကြောင်း၊ လက်ရှိအနေအထားအရ နယ်ပေါင်းစုံမှစပါးများထွက်ရှိလာ တော့မည် ဖြစ်သော ကြောင့် ဈေးအကျဘက်သို့သာဦးတည်နိုင်ကြောင်း ဆန်စပါးကုန်သည်များက သုံးသပ်ကြ သည်။

မြန်​မာ့အလင်း၊မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment