Latest News

Wednesday, May 2, 2018

ကျောက်ဆစ်လုပ်ငန်းလုပ်သူများ နှာခေါင်းစည်းအကာအကွယ် တပ်ဆင်ရန်လိုအပ်နေ

ကျောက်ဆစ်လုပ်ငန်းလုပ်သူများ နှာခေါင်းစည်းအကာအကွယ်
တပ်ဆင်ရန်လိုအပ်နေ

မန္တလေး    မေ ၂

မန္တလေး မဟာမြတ်မုနိဘုရားအနီး ကျောက်ဆစ်တန်း နှင့် မန္တလေးတိုင်း မြို့နယ်အချို့တွင်လုပ်ကိုင်နေသော ကျောက်ဆစ်(ပန်းတမော့)လုပ်ငန်း လုပ်ကိုင်ရာနေရာများ၌ ကျောက်စက်တိုက်ခြင်း၊ ကော်ပတ်စားခြင်း နှင့် စက်အသုံးပြု ထွင်းထု ခြင်းများလုပ်ကိုင်ရာတွင် ကျောက်အမှုန် အမွှားများစွာထွက်ပေါ်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော်လည်း နှာခေါင်းစည်း အကာအကွယ်တပ်ဆင်၍ လုပ်ကိုင်ခြင်းမရှိကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

           “ ဟိုးတုန်းကလည်းမအုပ်ဘူး။ ခုလည်းမအုပ်ဘူး။ မအုပ်ဘူး ဆိုတာက အသက်ရှုကျပ်လို့ပေါ့ဗျာ။ တိုးရစ်တွေက ကျောက်ဆစ်တာကို လာကြည့်ရင် မက်စ်တွေပေးသွားကြတယ်။ ကျန်းမာရေးအတွက် အကာအကွယ်မတပ်ရင် အန္တရာယ်ရှိတယ် ဆိုပြီး စကားပြန်ကတစ်ဆင့် ရှင်းပြကြတယ်။ ဒါပေမယ့်မတပ်ကြပါဘူး။ အုပ်ပြီးအလုပ်မလုပ်တတ်တော့ဘူး။ ကျောက်အမှုန် အမွှားတွေ ခန္တာကိုယ်ထဲဝင်ရင် ကျန်းမာရေးအန၁္တရာယ်ဖြစ်နိုင်တယ်ဆိုတာကတော့ များသောအားဖြင့် သိကြတာပါပဲ။ ဒါပေမယ့် ရှေးရှေးကဆရာတွေလည်း ရောဂါရယ်လို့ ဖြစ်ခဲ့ကြဘူးဗျ။ အစဉ်အလာအရတော့ ဒီလုပ်ငန်းကြောင့် ရောဂါဖြစ်ခဲ့တယ်လို့ မကြား ဘူး။ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုတော့ သဘောပေါက်ပါတယ်။ အလုပ်လုပ်ရင်း ကွမ်းစားတဲ့သူများတယ်။ အဲဒါကြီး တပ်ထားရင် မပြီးထွေးနေရတာ အလုပ်ရှုပ်တာလည်း ပါမှာပေါ့ ” လုပ်ငန်းခွင်အတွင်းမှ ကျောက်ဆစ်ပညာရှင် ကိုကျော်မိုးက ဆို သည်။

  မဟာမြတ်မုနိဘုရားအနီး ၈၄လမ်း၊အကွက်(၅၀၆)ကျောက်ဆစ် တန်းအပါအ၀င် ချမ်းမြသာစည်မြို့နယ်၊ ပြည် ကြီးတံခွန်မြို့နယ် ဧရိယာထဲတွင် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သည့် ဆိုင်ပေါင်း (၁၀၀)ကျော်ရှိနေပြီး လုပ်သားနှင့် ပညာရှင် အင်အားရာချီ၍ နေ့စဉ်လုပ်ငန်း ခွင်ဝင်နေကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
 “သဘာဝကျောက်ကို ထုဆစ်လာကြတာဆိုတော့ မကြောက် ကြဘူး။ ဓာတုဗေဒမပါဘူးဆိုတော့ ရောဂါမဖြစ်နိုင် ဘူးလို့ ယူဆနေသူတွေ လည်းများတယ်။ ဖြစ်တော့ဖြစ်လိမ့်မယ်။ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဖူးဘူး။ ကျွန်တော်တို့လုပ်ငန်းဆို မိဘတွေ လက်ထက်ကတည်းကလုပ်လာတာ ။ ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ကထင်တယ်။ လက်မှုကနေ စက်တွေနဲ့ စလုပ်လာကြတာ။ ကျောက်မှုံအမွှားတွေကြောင့်၊ ဒီလုပ်ငန်းကြောင့် ကျန်းမာရေးထိခိုက်ပါတယ် ဆိုတာမတွေ့ရဘူး။ အချောကိုင်တဲ့နေရာမှာ ကော်သိပ်အစာထည့်တာလုပ်ရင် ဓာတုဗေဒတော့ပါလာပြီ။ ဒါကိုအချော ကိုင်လို့ ထွက်လာတဲ့အမှုန်ကျကြောက်ရတယ် ” ဟု ချမ်းမြေ့ကျောက်ဆစ် လုပ်ငန်း မှ လုပ်ငန်းရှင် ကိုမျိုးသက်ခိုင် ကပြောသည်။

            စူး၊စောက်၊တံစဉ်းအသုံးပြုသည့် လက်မှုထုဆစ်သည့်အလေ့ အထမှ အလုပ်တွင်ပြီး စက်အပိုပစ္စည်းဝယ်ယူ အ သုံးပြုရလွယ်သည့် ကျောက်စက်တိုက်ကိရိယာနှင့်စိန်တံတပ်ဂန်းစက်များ အသုံးပြုမှုသို့ ပြောင်းလဲ လာသော ကျောက်ဆစ် (ပန်း တမော့) လုပ်ငန်းမှာ မန္တလေးမြို့၏ဂုဏ်ဆောင် အောင်မြင်မှုရနေသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အတွက် နှာခေါင်းစည်းအကာအကွယ် တပ်ဆင်ရန် လိုအပ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

                    ဇေယျတု(မကွေး)

No comments:

Post a Comment