Latest News

Sunday, May 13, 2018



နေပြည်တော်  မေ  ၁၂



(Unicode Version)

ကော့သောင်းမြို့၊ ပင်လယ်ပြင် အတွင်း၌ ဘင်္ဂါလီများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဂျလန်ကျွန်း၏ အရှေ့ဘက်  ရေမိုင် ၅ မိုင်ခန့် အကွာသို့ အရောက်၌ စက်မကြီး JRENENG-22HP ဝမ်းထိုင် တစ်လုံးတပ်၊ အလျား ၃၄ ပေ၊ အနံ ၆ ပေ၊ ရေစူး ၃ ပေခန့်ရှိ မသင်္ကာဖွယ် လှေတစ်စင်းအား ခေါ်ယူစစ်ဆေးရာ ၎င်းလှေအတွင်းမှ အက်စမိုင်(ဘ) ဦးမာမွတ်ဟူဆေး အပါအဝင် ဘင်္ဂါလီလူမျိုး ကျား ၁၃ ဦး၊ မ ၂ဝ ဦး၊ စုစုပေါင်း ၃၃ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား ကော့သောင်းမြို့မ ရဲစခန်းတွင် အပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment