Latest News

Friday, May 25, 2018

ကမ်းဖြူကျေးရွာအနီး ဧရာဝတီလင်းပိုင်တစ်ကောင် သောင်တင်သေဆုံး

ကမ်းဖြူကျေးရွာအနီး ဧရာဝတီလင်းပိုင်တစ်ကောင် သောင်တင်သေဆုံး

နေပြည်တော်    မေ    ၂၄

မန္တလေးတိုင်းဒေသကြီး  စဥ့်ကူးမြို့နယ် နှင့်   ဝက်လက်မြို့နယ်ကြား ကမ်းဖြူ ကျေးရွာ  အရှေ့ဘက်  သောင်ခုံတွင်                 မေ ၂၄ ရက်က    ဧရာဝတီလင်းပိုင် တစ်ကောင်   သောင်တင်သေဆုံးနေ သည်ကို တွေ့ရှိခဲ့ကြောင်း  သားငှက်        ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီ အစဉ်) WCSမှ သိရသည်။

သေဆုံးသွားသည့် လင်းပိုင်မှာ အမ ဖြစ်၍  ခန္ဓာကိုယ်အလျားမှာ  အလျား                ၆  ပေ ၈ လက်မရှိကြောင်း  သိရသည်။ အဆိုပါသေဆုံးသွားသော လင်းပိုင်ကို တိုင်းတာစစ်ဆေး၍ ရေလွတ်ရာ သောင်ခုံ အမြင့်တွင်  မြေမြှုပ်ပြီး   နောင်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ   အရိုးငြမ်းရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရ သည်။

ကမ်းဖြူကျေးရွာ   အရှေ့ဘက် သောင်ခုံတွင် မြစ်ကမ်းကြီး ရေလုပ်သား ဦးသန်းမြင့်က တွေ့ရှိ၍   ငါးလုပ်ငန်း ဦးစီးဌာနနှင့်  သားငှက်ထိန်းသိမ်းရေး အဖွဲ့သို့ အသိပေးအကြောင်းကြားလာ သည့်အတွက်   ထိန်းသိမ်းရေးအဖွဲ့ဝင်  များ သွားရောက်ပြီး  လင်းပိုင်သေ၏ ပြင်ပရုပ်ပိုင်းဆိုင်ရာ လေ့လာတိုင်းတာ မှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား စစ်ဆေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လင်းပိုင်သေဆုံးမှုနှင့် ပတ်သက်၍ စဥ့်ကူးမြို့နယ် ငါးလုပ်ငန်း   ဦးစီးဌာနမှူး၊  ဝန်ထမ်းများနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဦးသန့်     ဇင်တို့     စစ်ဆေးအတည်ပြုခဲ့ကြရာ ရေလုပ်သားများ၏ ပြောပြချက်နှင့် လင်းပိုင်ကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကြည့်ရှုစစ်ဆေးခြင်းဖြင့်     ပိုက်ငြိ၍ သေဆုံးသည်ဟု ယူဆရကြောင်း  WCS ၏ ကနဦးသတင်းအရ သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)

No comments:

Post a Comment