အသည်းရောင် B ပိုးကာကွယ်ဆေး ဘီပီအိုင်မှ အရည်အသွေးမြင့်စွာထုတ်လုပ်
ရန်ကုန် မေ ၂၄
ရန်ကုန်မြို့ စက်မှုဝန်ကြီးဌာန မြန်မာ့ ဆေးဝါးလုပ်ငန်း၊BPI ဆေးဝါးပစ္စည်း စက်ရုံမှ ဆေးအမျိုးပေါင်းရာကျော်ကို ထုတ်လုပ်လျက်ရှိရာ အသည်းရောင် အသားဝါ B ပိုးအတွက်ေ ဆေးကို ပို၍ထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။
''စက်ရုံမှာ အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးကို ဒီနှစ်ပိုင်းမှာ သိသိသာသာ တိုးပြီးထုတ်လာတယ်၊ အကြောင်းရင်းက ဘီပီအိုင်ဆေးက ဈေးသက်သာတယ်၊ အရည်အသွေး ကောင်းတယ်၊ ဝန်ကြ်ီးဌာနအစီအစဉ်နဲ့ထိုးပေးရတာလည်းရှိတယ်၊ ဒီဆေးကို အသုံးပြုတာ လူနာသောင်းနဲ့ သိန်းနဲ့ ချီသွားပြီ၊ ဘာမှ ဘေးထွက်ဆိုးကျိုး မကြားရဘူး''ဟု စက်ရုံမှူး ဒေါက်တာ အောင်ဇော်က ပြောသည်။
BPIဆေးဝါးစက်ရုံမှ ၁၉၄၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဆေးဝါးများ ထုတ်လုပ်ခဲ့ပြီး ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ လိုအပ်သော ကင်ဆာဆေး၊ HIVနှင့် B ပိုး၊ C ပိုး ဆေးများနှင့် ကာကွယ်ဆေးများကို ထုတ် လုပ်လျက်ရှိကာ အသည်းရောင်အသားဝါဝေဒနာရှင်များအတွက် စက်ရုံရှေ့ တွင် ဘီပိုး၊ စီပိုးစစ်ရန်ဆေးခန်းထားရှိ၍ ဘီပိုးကာကွယ်ဆေးကိုလည်း ထိုးနှံနိုင် ကာ ယခုနှစ်ပိုင်းတွင် BPI ဆေးဝါး ထုတ်လုပ်သောစက်ရုံမှ အရည်အသွေး ကောင်းမွန်သော အသည်းရောင်အသား ဝါBပိုး ကာကွယ်ဆေး ပို၍ထုတ်လုပ် ရောင်းချရလျက်ရှိကြောင်း သိရသည်။
သတင်း-သန်းထိုက်၊ဓာတ်ပုံ-သန်းစိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment