Latest News

Sunday, May 27, 2018

တရုတ်ဘက်မှ ဝင်လာသော အာလူးကို လက်လီသမားဝယ်လက်များ ပိုမို ကြိုက်နှစ်သက်သဖြင့် ပြည်တွင်းမှ ထွက်သော အာလူးများ ဈေးနှုန်းကျဆင်း

တရုတ်ဘက်မှ ဝင်လာသော အာလူးကို လက်လီသမားဝယ်လက်များ ပိုမို ကြိုက်နှစ်သက်သဖြင့် ပြည်တွင်းမှ ထွက်သော အာလူးများ ဈေးနှုန်းကျဆင်း

ရန်ကုန် မေ ၂၆

တရုတ်နိုင်ငံမှ အာလူးများ နေ့စဉ်အများ အပြား ဝင်ရောက်လျက်ရှိရာ တရုတ်နိုင်ငံ ထွက် အာလူးများကို လက်လီသမားများက ပိုမိုကြိုက်နှစ်သက်ခြင်းကြောင့် ပြည်တွင်းမှ ထွက်ရှိသည့် အာလူးဈေးနှုန်း ကျဆင်း လျက်ရှိကြောင်း မြန်မာနိုင်ငံ အာလူးအစု အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းထွေးထံမှ သိရသည်။ တရုတ်နိုင်ငံမှထွက်ရှိသည့် အာလူးသည် ပြည်တွင်းဈေးကွက်သို့ နေ့စဉ် ဆယ်ဘီးကား များဖြင့် နယ်စပ်လမ်းကြောင်းများမှ ဝင်ရောက် နေပြီး အရည်အသွေးနှင့် ဈေးနှုန်းအရ ကွာခြားမှု ရှိသဖြင့် ဈေးကွက်မယှဉ်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 ''အာလူးဈေးကွက် အခြေအနေမကောင်းတာ ပြီးခဲ့တဲ့ နှစ်နှစ်လောက် ကတည်းကပါ။ တရုတ်ဘက်က အာလူးနေ့တိုင်းအဝင်ရှိ တယ်။ သူတို့ဆီက အာလူးတွေက အမြင် လည်းလှတယ်။ အခွံကွာတာလည်းမရှိတော့ လက်လီသမားတွေက ပိုကြိုက်ကြတယ်''ဟု ဦးချမ်းထွေးက ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့နယ်၌ အာလူးတစ်ပိဿာ လျှင် ငွေကျပ် ၁ဝဝ မှ ၄၅ဝ အထိ ဈေးနှုန်း ရရှိ၍ တရုတ်အာလူးနှင့် ဈေးကွက်ချင်း မယှဉ်နိုင်သောကြောင့် ပြည်တွင်းရှိ အာလူး စိုက်တောင်သူတချို့ စိုက်ပျိုးမှုရပ်နားထားရ ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်ချင်း မယှဉ်ပြိုင်နိုင်ခြင်း သည် ပြည်တွင်း၌ ထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ တရုတ်နိုင်ငံထက် နှစ်ဆခန့် ပိုမို များပြားနေပြီး သွင်းအားစုများ၏ ဈေးနှုန်း များလျှော့ရန် လိုအပ်သကဲ့သို့ တရားမဝင် ကုန်သွယ်သည့် လမ်းကြောင်းများကိုလည်း တားမြစ်ပေးသင့်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

ရှမ်းပြည်နယ်၌ အာလူးကို နောင် တရား၊ ဟိုပုံးမြို့နယ်တို့၌ အဓိကစိုက်ပျိုးကြပြီး ပင်းတယ၊ ဆင်ဖြူကျွန်း စသည့် ဒေသအများအပြား၌လည်း စိုက်ပျိုးကြကာ မန္တလေးမြို့မှတစ်ဆင့် ရေနံချောင်းမြို့သို့ လည်းကောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့လည်းကောင်း တင်ပို့လျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment