Latest News

Sunday, May 27, 2018

ဇာတ်ကောင်စရိုက်များကို တစ်ခုနှင့်တစ်ခုမတူ အောင်သရုပ်ဆောင် မယ့်အကယ်ဒမီဖွေးဖွေး

ဇာတ်ကောင်စရိုက်များကို တစ်ခုနှင့်တစ်ခုမတူ အောင်သရုပ်ဆောင်
မယ့်အကယ်ဒမီဖွေးဖွေး

ဇွန် ၁ ရက်တွင် ပြသမည့် ငါ့ကိုနမ်းတဲ့မုန်တိုင်းရုပ်ရှင်ဇာတ်ကားတွင် ရှင်ပျိုဆိုသည့် မိန်းမလှလေးနေရာ၌ ပီပြင်စွာသရုပ်ဆောင်ထားသည့် အကယ်ဒမီဖွေးဖွေးက ဇာတ်ကား များရိုက်ကူးရာတွင် ဇာတ်ကောင်စရိုက်များ ကို တစ်ခုနှင့်တစ်ခုမတူအောင် သရုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

“ဒီရုပ်ရှင်ဇာတ်ကားက အခုခေတ်လူငယ်တွေမှာ ဖြစ်နေကျပုံစံလေးကို ရိုက်ထားတာပါ။မင်းသားတွေကတော့ ဖွေးနဲ့ တစ်ခါမှ တွဲပြီးသရုပ်မဆောင်ဖူးသေးတဲ့ လွှမ်းပိုင်၊ရဲရင့်အောင်တို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ ဖွေးတို့အားလုံး ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဖွေး ဒီရုပ်ရှင်ဇာတ်ကားထဲမှာ လွှမ်းပိုင်က ဂီတာတီးပြီး သီချင်းဆိုပြတဲ့အခန်းလေးကို သဘောကျတယ်။ အခုရုပ်ရှင်ဇာတ်ကားကို အားပေးကြပါဦး” ဟု ဖွေးဖွေးကပြောသည်။

လက်ရှိတွင် ဗီဒီယိုဇာတ်ကားများနှင့် ကြော်ငြာများကို လက်ခံရိုက်ကူးလျက်ရှိပြီး မကြာမီဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးမည့် သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်ရှိသိရသည်။

“ဖွေးအနေနဲ့ ဇွန်လထဲမှာ ညဇာတ်ကားနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်မယ့်ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ရှိတယ်။ ဖွေးက ပရိသတ်တွေအမြင်မရိုးစေဖို့ အမြဲ တမ်းကျရာဇာတ်ရုပ်မှာ ပီပြင်အောင်ကြိုးစားမယ်။ ဒီရုပ်ရှင်ဇာတ်ကားကလည်း ဖွေးတို့သရုပ်ဆောင်နေကျဇာတ်ရုပ်တွေနဲ့ ကွဲပြားအောင် သရုပ်ဆောင်သွားမှာပါ”ဟု ဖွေးဖွေးကပြောသည်။

MWD

No comments:

Post a Comment