Latest News

Friday, May 18, 2018

ပဲခူး-သနပ်ပင်-သန်လျင်လမ်း(ပဲခူးမြို့တွင်းအပိုင်း)ကတ္တရာလမ်းဖွင့်

ပဲခူး-သနပ်ပင်-သန်လျင်လမ်း(ပဲခူးမြို့တွင်းအပိုင်း)ကတ္တရာလမ်းဖွင့်

ပဲခူး မေ ၁၈    

ပဲခူးမြို့ လိပ်ပြာကန်အနီး လိပ်ပြာကန်နှင့် မဂ္ဂဒစ် လမ်းအကြား     သနပ်ပင်ကားလမ်းမပေါ်၌  ဆောက်လုပ်ရေးဝန်ကြီးဌာန    လမ်းဦးစီးဌာန  ပဲခူးခရိုင်က  တည်ဆောက်ခဲ့သောပဲခူး-သနပ်ပင်   - သန်လျင်လမ်း  (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာ လမ်းဖွင့်ပွဲအခမ်းအနားကို မေ ၁၈ ရက် နံနက် ၈ နာရီက ကျင်းပသည်။

အဆိုပါလမ်းသည် အရှည်တစ်မိုင်  ခုနစ် ဖာလုံ၊ ယာဉ်သွားလမ်းအကျယ် ၄၈ ပေရှိပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ   ကျပ် သန်း ၈၆ဝ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့   ခွင့်ပြု ငွေကျပ် ၁၈၄၃ သန်း စုစုပေါင်းကျပ်   ၂၇ဝ၃ သန်းဖြင့် ပဲခူးခရိုင်လမ်းဦးစီးဌာနမှ ယခင် နှစ်လမ်းသွား လမ်းအား ယခုလေးလမ်းသွား အဖြစ်လည်းကောင်း၊   အဆိုပါ     လမ်းပေါ်ရှိတံတားလေးစင်းအား ၄၈ ပေအကျယ်  ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းအပြင်     လမ်း၏ဘေးဝဲယာတွင်      ကွန်ကရစ်ရေနုတ် မြောင်းများ   ဆောင်ရွက်ခြင်း၊ ကွန်ကရစ်ပလက် ဖောင်းဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းပခုံးလုပ်ငန်း များဆောင်ရွက်ခြင်းကို   ၂ဝ၁၇ ခုနှစ်  နိုဝင်ဘာ  ၁ဝ  ရက်မှစတင်ကာ  လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဧပြီ ၁၅ ရက် တွင်     လုပ်ငန်းဆောင်ရွက်မှု        ပြီးစီးခဲ့        သည်။

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်းလိပ်ပြာကန်ပတ်လမ်းမှ ရှင်စောပုလမ်းထျွိဃ ဏမနချေအ ရေမြောင်း၊ ပလက်ဖောင်းတစ်ဖက်ကို ၂ဝ၃၂ ပေ၊ နှစ်ဖက်အတွက် ၄ဝ၆၄ ပေ၊ အကျယ် သုံးပေ၊ အမြင့် သုံးပေအား ကုန်ကျငွေ ကျပ်သိန်း ၂၇၈၂ သိန်းဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါ လမ်းဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)​ကြေးမှုံ

No comments:

Post a Comment