ပုသိမ်မြို့တွင် စစ်ပွဲများအား ရပ်တန့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုသွားမည်
ပုသိမ် မေ၁၄ရက်
ကချင်ပြည်နယ် မှာဖြစ်နေတဲ့ စစ်ပွဲများရပ်တန့်ပေးရေး တောင်းဆိုသည့်အနေနှင့် ပုသိမ်မြို့တွင် ငြိမ်းချမ်းရေးလိုလားသော ပုသိမ်ခရိုင်အတွင်းရှိ ဒေသခံများနှင့် ပုသိမ်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများစုပေါင်း ၍ မြို့တော်ခမ်းမရှေ့ ရှူခင်း သာရင်ပြင် တွင် မေ ၁၆ရက်နေ့ ညနေ ၄နာရီမှ ၆နာရီအထိ ငြိမ်းချမ်းစွာ ဆန္ဒပြ ပွဲပြုလုပ်သွားမည် ဟု သတင်း ရ ရှိသည်
အဖမ်းဆီးခံရသော ငြိမ်းချမ်းရေးလိုလားတဲ့သူများအားချက်ချင်းလွှတ်ပေးရေး ရန်ကုန် ငြိမ်းချမ်းရေး ဆန္ဒပြပွဲ တွင် အကြမ်းဖတ်ဖမ်းဆီးဖြိုခွင်းသည့် လုပ်ရပ်ကို ရှုံ့ ချရး ကချင်ပြည်နယ်မှာ စစ်ပွဲကြောင့် ပိတ်မိနေသော ပြည်သူများအား အမြန်ဆုံးလွှတ်ပေးရေး နှင့် စစ်ပွဲများအမြန်ဆုံးရပ်တန့်ပေးရေးစသည့် ရည်ရွယ်ချက် ၄ခုဖြင့် ပြုလုပ်သွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်း ငြိမ်းချမ်းရေးကော်မတီဝင် ဆန္ဒပြပွဲဦးဆောင်သူ ဦးကျော်စွာထံမှ သိရသည်
"ကျွန်တော်တို့အနေနဲ့ငြိမ်းချမ်းရေးကိုလိုလားလို့ဆန္ဒပြတာင်းဆိုတာပါ စစ်ပွဲတွေကြောင့် အများစုဟာ နစ်နာမူ့တွေများပါတယ် စစ်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှာပါ ရန်ကုန်ဆန္ဒပြပွဲမှာ လက်ပတ်နီနီလိုလိုစွမ်းအားရှင် လိုလိုလူတွေလည်းဝင်ဖမ်းကြလို့ဒီလုပ်ရပ်ကိုကန့်ကွပ် ရှုံ့ ချတဲ့အနေနဲ့လည်းပါပါတယ်"ဟု ဦးကျော်စွာမှ တိုင်းဧရာကိုပြောသည်
ဆန္ဒပြရာတွင် ငြိမ်းချမ်းရေး စကားလုံးများပါသည့် ဆိုင်းဘုတ်များကိုင်ဆောင်ထားပြီး ကြွေးကြော်သံများဖြင့် ချီတက်လမ်းလျှောက်သွားမှာမဟုတ်ဘဲ ဆန္ဒပြမည့် ၎င်းအနေတွင်သာ ငြိမ်းချမ်းရေ အသွင် ဖြင့် ဆိုင်းဘုတ်ကိုင်မတ်တက်ရပ်ပြီးတောင်းဆိုသွားမှာဖြစ်ပါသည်
အဆိုပါဆန္ဒပြပွဲတွင် ငြိမ်းချမ်းရေးကဗျာများရွှတ်ဆိုသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဧရာဝတီတိုင်း ငြိမ်းချမ်းရေး ကော်မတီဝင် များဖြစ်သည့် ဆန္ဒပြပွဲတွင်ဦးဆောင်သည့် ဦးကျော်စွာ ဦး ဇော်ထိုက် ပုသိမ်တက္ကသိုလ်မှ ကိုဖြိုးအာကာ ကိုအောင်သက်ပိုင် ကိုထူးထက်နောင် တို့ မှ ဟောပြော သွားမည်ဖြစ်ကြောင်း သိရသည်
လက်ရှိတွင် အဆိုပါ ဆန္ဒပြပွဲအတွက် သက်ဆိုင်ရာဌာန ရုံးများကို မေ၁၅ရက်နေ့တွင် ဆန္ဒပြ ဦးဆောင်သူနှစ်ဦး စာတင်သွားမည်ဖြစ်သည်
သတင်း =ရွှေရည်ဝင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment