Latest News

Monday, May 28, 2018

မိုးညှင်းခရိုင်တွင် တစ်ရက်အတွင်း မြေကမ်းပါးပြိုကျရာမှ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မိုးညှင်းခရိုင်တွင် တစ်ရက်အတွင်း မြေကမ်းပါးပြိုကျရာမှ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


မြစ်ကြီးနား  မေ  ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးဒေသ လုံးတုံနယ်မြေ မမုံကိုင် ကျေးရွာအနောက်ဘက်ရှိ ရွှေမှော်နှင့်  ဖားကန့်မြို့နယ် ဝှေခါကျေးရွာ  ရတနာကြယ် ကုမ္ပဏီလုပ်ကွက်တို့၌ မေ ၂၆ ရက် တစ်ရက်ထဲတွင် မြေကမ်းပါးယံပြိုကျရာမှ သုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ လုံးတုံနယ်မြေ မမုံကိုင် ကျေးရွာအနောက်ဘက်ရှိ ရွှေမှော်တွင် မေ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က တစ်နိုင် တစ်ပိုင် ရွှေတူးဖော်နေစဉ် မြေကျင်းပြိုကျ၍မောင်ကျော်ဆန်းဝင်း(၁၇)နှစ် မရဲကိုင် ကျေးရွာနေသူနှင့် မဝါဝါခိုင်(၂၂)နှစ် ဆင်ဖြူကုန်းကျေးရွာနေသူတို့မှာ မြေကျင်းပိကာ သေဆုံးသွားခဲ့ပြီး မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ရတနာကြယ်ကုမ္ပဏီ လုပ်ကွက်တွင် မေ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေး ကျောက်ရှာဖွေနေသူ ဦးသာကျော်(၄၈)နှစ် မှော်သစ်ကုန်းရပ်ကွက်နေသူမှာ မြေစာများ ပိမိ၍ သေဆုံးခဲ့ပြီး မောင်ဇော်လင်းဦး(၂ဝ)နှစ်မှာ ခါးအောက်ပိုင်း အနည်းငယ်ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့၍ သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများမှ  သန္ဓေနှင့်အရန် တပ်ဖွဲ့ဝင်များက လူမှုကူညီရေးအသင်း မော်တော်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယခုနှစ်မေလအတွင်း ကချင် ပြည်နယ် ဖားကန့်မြို့နယ်အတွင်း၌ မိုးရွာသွန်းမှုများကြောင့် မြေစာပုံပြိုကျသည့်ဖြစ်စဉ် များ မကြာခဏဖြစ်ပွားနေကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။

ကြေးမှုံ၊မင်းမင်းဦး

No comments:

Post a Comment