Latest News

Wednesday, May 30, 2018

အမှန်တရားအချို့ ပေါ်ပေါက်ချိန် မြန်မာအပေါ် နိုင်ငံတကာ ရှုမြင်ပုံပြောင်းလဲရန် မျှော်လင့်

အမှန်တရားအချို့    ပေါ်ပေါက်ချိန်   မြန်မာအပေါ်
နိုင်ငံတကာ    ရှုမြင်ပုံပြောင်းလဲရန်      မျှော်လင့်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်    အပြစ်မဲ့ ပြည်သူများကိုARSAအကြမ်းဖက်သမား များက  လူသားချင်းစာနာမှုမရှိ ရက်ရက် စက်စက် အစုလိုက်အပြုံလိုက်  သတ်ဖြတ်ခဲ့ သည်ဟူသော     အချက်များပါဝင်သည့် အစီရင်ခံစာတစ်စောင်ကို     နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့   (Amnesty International) က ယခုလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။  ယင်းထုတ်ပြန်ချက် အတွင်းပါရှိသည့်   တွေ့ရှိချက်အသစ် ဆိုသည်မှာမူ   မြန်မာနိုင်ငံအတွက်တော့ နောက်ကျပြီးမှ  အသိအမှတ်ပြုခံရသည့် အမှန်တရားတစ်ရပ်ဖြစ်သည်။

တစ်ဖက်စောင်းနင်း ယူဆချက်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း၏ တစ်ကျော့ ပြန် ပဋိပက္ခများ  စတင်ခဲ့မှုသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင်ဖြစ်ပြီး မြန်မာ လုံခြုံရေးကင်းစခန်း  ၃ဝ  ကို ဗျွှဗ အကြမ်းဖက်သမားများက   တစ်ပြိုင်နက် တည်း အလစ်ဝင်ရောက်တိုက်ခိုက်မှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။       ၂ဝ၁၇ခုနှစ် စက်တင်ဘာလအတွင်း    ရခိုင်ပြည်နယ် ခမောင်းဆိပ်ကျေးရွာအနီး   ARSA  အကြမ်းဖက်သမားတို့ ဖမ်းဆီးသတ်ဖြတ်ခဲ့ သည့် ဟိန္ဒူဘာသာဝင် အမျိုးသား အမျိုး သမီး၊  ကလေးငယ်များ၏  ရုပ်အလောင်း များ  တွေ့ရှိခဲ့ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ချိန်တွင် ယင်းဖြစ်စဉ်ကို နိုင်ငံတကာက လျစ်လျူရှု၍  အေးစက်စွာ တုံ့ပြန်ခဲ့သည့်အပြင် နိုင်ငံတကာ သတင်း မီဒီယာကြီးများကလည်း သတင်းထုတ်ပြန် ဖော်ပြရန် ပျက်ကွက်ခဲ့သည်။

မြန်မာအစိုးရနှင့် မြန်မာမီဒီယာများသည် ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင်များ ကို ARSA အဖွဲ့က ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်     သတ်ခဲ့ကြောင်းကို  ပုံသဏ္ဌာန်အမျိုးမျိုး၊ သက်သေပြချက်အမျိုး မျိုးဖြင့် ဖော်ပြခဲ့ကြသော်လည်း နိုင်ငံတကာ မီဒီယာများနှင့် အဖွဲ့အစည်းများက တစ်ဖက် စောင်းနင်း ယူဆချက်များနှင့်   ယုံကြည်မှု အားနည်းခဲ့သည့်အတွက် အချည်းနှီးသာဖြစ် ခဲ့သည်။ARSA  အကြမ်းဖက်အဖွဲ့၏   ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက် မှုများကို   ကြုံတွေ့ခံစားခဲ့ကြရသည်မှာ   ဟိန္ဒူဘာသာဝင်များသာမက  ရခိုင်တိုင်းရင်း သားမျိုးနွယ်စုများဖြစ်ကြသည့် မြို၊ ဒိုင်းနက်၊  သက်နှင့် မရမာကြီးစသည့် လူမျိုးများလည်း ရင်ဆိုင်ခံစားခဲ့ကြရခြင်းဖြစ်သည်။ ဒေသတွင်း လူနည်းစုဘဝသို့      ကျရောက်နေသည့်  တိုင်းရင်းသားမျိုးနွယ်စုများ ခံစားကြရသည့်   ဒုက္ခဆင်းရဲအပေါင်းတို့မှာမူ  အမှန်တရား အဖြစ်  ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာခွင့်မရခဲ့။

နိုင်ငံတကာက အာရုံစိုက်ရန်လိုအပ်

ယခု နိုင်ငံတကာ  လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က  ထုတ်ပြန်သည့် အစီရင်ခံစာကမူ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်များ အတွင်းARSA     အကြမ်းဖက်အဖွဲ့က ဟိန္ဒူဘာသာဝင် ၉၉ ဦးကို သတ်ဖြတ်ခဲ့မှု အပေါ်  မျက်မြင်သက်သေများ၊  အသက် မသေဘဲ လွတ်မြောက်လာကြသည့်   ဟိန္ဒူ ဘာသာဝင်များ၊    အကြမ်းဖက်သမားများ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ၏ သေမှု သေခင်းဆိုင်ရာ စစ်ဆေးချက်များအပေါ် စနစ်တကျမေးမြန်းစုံစမ်းကာ  ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များ ကိုလည်း နိုင်ငံတကာက အာရုံစိုက်ရန်လိုအပ် ကြောင်း အစီရင်ခံစာက  ထောက်ပြထားပြီး ရခိုင်ပြည်နယ်  မြောက်ပိုင်းဖြစ်စဉ်များတွင် ယခုဟိန္ဒူဘာသာဝင်များ အကြမ်းဖက်ခံရသည့် ဖြစ်စဉ်များအပြင်   အခြားလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ     ဖြစ်စဉ်များလည်း ဖော်ထုတ်ပေးရန်  လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ မျက်နှာစာမှ စိန်ခေါ်မှုများ

''ပဋိပက္ခဖြစ်စဉ်တွေ အဆုံးသတ်ဖို့ဆိုတာ အားလုံးဝိုင်းဝန်းအဖြေရှာမှသာ   ရရှိနိုင်မှာ ဖြစ်ပါတယ်၊ ဘယ်လိုအနေအထားမျိုးမှာမဆို တစ်ဦးနဲ့တစ်ဦး လူသားချင်းစာနာမှုနဲ့ ဖြေရှင်း ကြရမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ်ကို ခိုင်မာ မျှတတဲ့  အမှန်တရားတွေ ပေါ်ထွက်လာပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းကြဖို့လည်း မျှော်လင့်ပါ တယ်၊  ဒါကလည်း မီဒီယာရော၊ အစိုးရရော၊ တိုင်းရင်းသားလူမျိုးတွေရော၊  နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊    အခြားနိုင်ငံတွေ အားလုံးကရော ဝိုင်းဝန်းအဖြေရှာပေးဖို့၊ ကူညီ ပေးဖို့လည်း   လိုအပ်တယ်''ဟု ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာ  အန်အေလီစတိုပါဒေါဗ့်က ပြောကြားသည်။

ထို့အပြင် သံအမတ်ကြီးက မြန်မာအစိုးရက နေရပ်ပြန်လာလိုသူများကို    လက်ခံဆောင် ရွက်ပေးနေသည့် အစီအစဉ်များကို ကိုင်တွယ် ဆောင်ရွက်ခြင်းများနှင့်   မြန်မာအစိုးရ၏ ကြုံတွေ့နေရသည့် နိုင်ငံတကာ မျက်နှာစာမှ စိန်ခေါ်မှုများကိုလည်း    နားလည်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ပြောကြား သည်။

အားအင်တစ်ရပ် ဖြစ်စေခဲ့

စိန်ခေါ်မှုတွေ ကြီးကြီးမားမား ကြုံတွေ့ နေရသည့်တိုင်   မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုအောင်မြင်နိုင်ရေး  ဆက်လက် အားပေးကူညီဖို့အတွက် ကမ္ဘာ့နိုင်ငံအများ အပြား၏ ကတိကဝတ်များ  ရှင်သန်နေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း  ကမ္ဘာ့အသိုင်း အဝိုင်းအတွင်း  တာဝန်သိ   နိုင်ငံတစ်နိုင်ငံ အနေဖြင့်ရပ်တည်ဖို့ လိုအပ်သည့်အတွက် နိုင်ငံ တကာစံနှုန်းများနှင့် လျော်ညီအောင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ  အသိုင်းအဝိုင်း၏သဘောထားအမြင်များကို      အလေးထား ဆောင်ရွက်ဖို့ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း   အစိုးရ၏  ဒုတိယ တစ်နှစ်တာ   ဖြတ်သန်းမှုများအကြောင်းကို ပြောကြားစဉ်က ဖြေကြားထားခဲ့သည်။

ရခိုင်ပြည်နယ်    ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက   ဝေဖန်ပြစ် တင်ခြင်း၊ ရှုတ်ချခြင်း၊ အမုန်းတရားပွားစေမည့် ပြောဆိုခြင်းများထက် ပြဿနာများ ဖြေရှင်း ရာတွင် ကူညီပံ့ပိုးပြီး အပြုသဘောဆောင်သည့် ချဉ်းကပ်မှုများနှင့်   ဆောင်ရွက်ပေးကြရန် လိုအပ်ချိန်တွင် ယခုကဲ့သို့AI အဖွဲ့အစည်း၏ အစီရင်ခံစာထွက်ပေါ်လာခြင်းနှင့် ပြည်တွင်း ပြည်ပမီဒီယာများက     ကမ္ဘာတစ်ဝန်းမှ စာဖတ်သူများထံ   ဆောင်ကြဉ်းပေးကြခြင်း သည် မြန်မာနိုင်ငံအတွက် အားအင်တစ်ရပ် ဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံသည်လည်း     နိုင်ငံတကာ မျက်နှာစာတွင် ရင်ဆိုင်နေရသည့်  အကျပ် အတည်းကို    ကျော်လွှားဖြေရှင်းနိုင်ရန် အတွက် မြေပြင်တွင်   လက်တွေ့တိုးတက်မှု ကို ပြသနိုင်ရေး     ကြိုးပမ်းဆောင်ရွက်ခြင်း သာမက နိုင်ငံ၏  စိန်ခေါ်မှုနှင့်  အကန့် အသတ်များ၊   သိမ်မွေ့နက်နဲမှုများကို    နားလည်မှုရှိသည့်  နိုင်ငံတကာ မိတ်ဆွေ နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု၊  ပြည်တွင်း  တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

အကောင်းဘက်သို့      ပြန်လည်ပြောင်းလဲ

တစ်ဖက်တွင်     လူသားချင်းစာနာ ထောက်ထားမှုနှင့်  လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း   အားတက် သရော   ဆောင်ရွက်မှုများရှိပြီး ရခိုင် ပြည်နယ်အပြင်   ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် စသည့်   ဒေသများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသား ချင်း   စာနာထောက်ထားမှု ကင်းမဲ့သည့် ဖြစ်စဉ်များတွင် ဖြစ်ရပ်မှန်များကို ဖော်ထုတ် မှုများ၊ ထိထိရောက်ရောက် အရေးယူမှုများ ကို       မည်သည့်အဖွဲ့အစည်းကိုမဆို၊ မည်သည့်             အကြမ်းဖက်လုပ်ငန်း  လုပ်ဆောင်သူများကိုမဆို    ဆောင်ရွက် လျက်ရှိရာ   အမှန်တရားအချို့ နိုင်ငံတကာ မျက်နှာစာတွင် ပေါ်ထွက်လာခြင်းမှ အစပြု ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်   မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံ၊ ဝေဖန်ပုံနှင့်    ဆက်ဆံဆောင်ရွက်ပုံများ အကောင်းဘက် သို့      ပြန်လည်ပြောင်းလဲ ရောက်ရှိလာမည် ဟု မျှော်လင့်မိပါကြောင်း။    

ခင်ရတနာ(​ကြေးမှုံ)

No comments:

Post a Comment