Latest News

Saturday, May 5, 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် ကောက်ခံရငွေ ယခင်နှစ်ထက်ကျပ်သန်းတစ်သောင်းကျော် လျေ့နည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် ကောက်ခံရငွေ ယခင်နှစ်ထက်ကျပ်သန်းတစ်သောင်းကျော် လျေ့နည်း


   စစ်ကိုင်းတိုင်းဒေသကြီးတွင်   ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ သည် ယခင် ဘဏ္ဍာရေးနှစ် ၂၀၁၆-၁၇ ထက် ကျပ်သန်း တစ်သောင်းကျော် လျော့နည်း သွားကြောင်း တိုင်းဒေသကြီးအခွန်များဦးစီးဌာန မှ သတင်းရရှိသည်။
   
  ပြီးခဲ့သည့် ၂၀၁၆-၁၇   ဘဏ္ဍာရေးနှစ်တွင်
ကုန်သွယ်လုပ်ငန်းခွန်၊အထူးကုန်စည်ခွန်၊၀င်ငွေခွန်၊တံဆိပ်ခေါင်းခွန်၊အောင်ဘာလေသိန်းဆုခွန်
တို့မှ ကောက်ခံရရှိငွေမှာ ကျပ် သန်ပေါင်း ၄၆၇၆၆  ကျော် ရရှိခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်မူ ၄င်းအခွန်အမျိုးအစား ၅ ခုမှ ကျပ်သန်းပေါင်း ၃၄၅၉၈ သန်းကျော်သာ ရရှိသဖြင့် ကျပ်သန်းပေါင်း ၁၂၁၆၈ သန်း လျော့နည်းသွားခြင်းဖြစ်သည်။


       " တိုင်းဒေသကြီးအခွန် များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက" အထူးကုန်စည်ခွန်က တစ်နှစ်တစ်ခါ ပြဌာန်းတာ၊အခွန်ကောက်ဥပဒေအရ နှုန်းထားတွေလည်း မတူဘူး၊အထူးကုန်စည်ခွန်ကလျော့သွားတာကြောင့်ပါ၊ နိုင်ငံပိုင်သစ်စက်တွေက နေ အထူးကုန်စည်ခွန်ရတာလျော့တယ်၊နောက်ပြီး အစိုးရတင်ဒါလုပ်ငန်းတွေမှာ ကန်ထရိုတ်တွေက ပေးချေတဲ့ ၀င်ငွေခွန်လည်း တင်ဒါလုပ်ငန်းတွေမပြီးတော့ နောက်ဘတ်ဂျက်ထဲမှ ပါသွားတယ်၊အဲဒါတွေကြောင့် အခွန်ရငွေတွေ ယခင်ဘဏ္ဍာရေးနှစ်ထက်လျော့သွားတာ" ဟု ပြောသည်။
 
    ယခင်က စားသုးံခွန်ဟုခေါ်သော ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ပိုမိုပေးဆောင်ရန် အခွန်ဦးစီးဌာနမှ တိုက်တွန်းမှုများ ပြုလုပ်နေပြီး  လျထားချက်ပြည့်မီနေရေး အခွန်ဝန်ထမ်းများက ဆောင်ရွက်နေကြောင်း သိရသည်။
 
  အခွန်အမျိုးအစား ၅ မျိုးတွင် အောင်ဘာလေ သိန်းဆုခွန် တစ်မျိုးသာ ကောက်ခံမှု တိုးမြှင့် ရထားပြီး ကျန်သော ကုန်သွယ်လုပ်ငန်းခွန်၊၀င်ငွေခွန်၊အထူးကုန်စည်ခွန်၊တံဆိပ်ခေါင်းခွန်များမှာ ယခင်ဘဏ္ဍာရေးနှစ်များထက် လျော့နည်းသွားခဲ့ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment