Latest News

Saturday, May 5, 2018

ဟင်္သာတမြို့လယ်ခေါင် သုသာန်ဟောင်းမြေနေရာအားပန်းခြံဖြစ်မြောက်ရေးကော်မတီမှ ကြေညာချက်ထုတ်ပြန်


ပုသိမ် မေ၅ရက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ တွင် ဟင်္သာတ မြို့လယ်ရှိ သချိုင်းဟောင်းမြေနေရာ ကိုအများပြည်သူ အပန်းဖြေနိုင်ရန် ပန်းခြံရ ရှိရေး ဆောင်ရွက်နေ့သည့်ဟင်္သာတမြို့လယ်ခေါင် သုသာန်ဟောင်းမြေနေရာအားပန်းခြံဖြစ်မြောက်ရေးကော်မတီမှ ၂၀၁၈ခုနှစ် မေလ၅ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင်ကြေညာခဲ့ကြောင်းသတင်းရ ရှိသည်

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့တွင်
ပန်းခြံဖြစ်မြောက်ရေး ကော်မတီ က ၂၀၁၈ ခုနှစ်ဧပြီ၎ရက်နေ့ က သတင်းစာရှင်းလင်းပွဲအပြီးမီဒီယာများအား စည်ပင်ဝန်ကြီးဦးကျော်မြင့်ပြောကြားချက်အရ ကော်မတီဝင်များသည် ပြည်သူရွေးချယ် ထားခြင်းမဟုတ်ကြောင်း အဓိပ္ပာယ် သက်ရောက်နေသည်ဟု၎င်း ၂၀၁၈ခုနှစ် မေလ၃ရက်နေ့ က ဆန္ဒပြပွဲ အပြီး Eleven Media အားစည်ပင်ဝန်ကြီးဦးကျော်မြင့် ပြောကြားချက်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေရှိသော်လည်း အထက်ကညွန်ကြားချက်အရ ဆိုင်းငံ့ ထားရကြောင်းပြောကြားခဲ့ခြင်းကို တရား ဥပဒေစိုးမိုး ရေးအား ဟန့်တားရာရောက်သည့်အပြင် ဘာသာရေး/လှူမျိုးရေး ငဋိအက္ခဖန်တီးရာရောက်သည်ဟု ၎င်း အဆိုပါ  ထုတ်ပြန်ချက်များအရ သိရသည်

ပြည်သူရွေးချယ်ထားသောဝန်ကြီး တစ်ဦးဖြစ်လျှင် မိမိစကားအားမိမိတာဝန် ယူမူတာဝန်ခံမူ ရှိရမည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးစည်ပင်ဝန်ကြီးဦးကျော်မြင့်အနေနှင့် ဟင်္သာတ မြို့ ပြည်သူလူထု ၏ရှေ့တွင် ၎င်းတို့ပန်းခြံဖြစ်မြောက်ရေး ကော်မတီနှင့် လူကြီးလူကောင်းပီသစွာ Dedate ပြုလုပ်ပေးပါရန် ၎င်းထုတ်ပြန်ချက်တွင် အတိအလင်းကြေညာခဲ့သည်

"စည်ပင်ဝန်ကြီး ကမီဒီယာတွေကိုဖြေထားတာသတင်းတွေထဲမှာဖတ်လိုက်ကတယ် သူဖြေကြားတာတွေကမမှန်မကန်လို့ ခုလို ထုတ်ပြန်ချက်ကြေညာလိုက်တာပါ စည်ပင်ကော်မတီကို ပြည်သူက မဲပေးရတာပါ"လို့ ပန်းခြံဖြစ်မြောက်ရေးကော်မတီဝင် ဦးစိန်သောင်းမှ တိုင်းဧရာကိုပြောသည်

အစ္စလာမ် ဘာသာဝင်များ က၁၉၃၈ခုနှစ် ကသချိုင်းအဖြစ်အသုံးပြုခဲ့ပြီး ၁၉၉၄ခုနှစ် မတ်လ ၁ရက်နေ့တွင် စည်ပင် ဥပဒေ အဖြစ်ပိတ်သိမ်းထားသောမြေနေရာအား ဟင်္သာတဒေ သခံတစ်သောင်းကျော်က ပန်းခြံပြုလုပ်ခွင့်ရချင်နေတာပါ

ပိတ်သိမ်းထားသောမြေနေရာအတွက် ရွာသာကုန်း ကျေးရွာ အုပ်စု ကွင်းအမှတ် ၁၄၃၆(က)၌ မြေနေရာ အစားထိုးပေးခဲ့ကြောင်း သိရသည်

ဟင်္သာတမြိုံ့တွင် သချိုင်းဟောင်းမြေနေရာ အတွက် ၂၀၁၇ခုနှစ် သြဂုတ် လ ၂၇ရက်နေ့က ဆန္ဒခံယူပွဲပြုလုပ်ခဲ့ရာ မြို့ခံ အင်အား တစ်သောင်းကျော်တက်ရောက်ခဲ့ပြီး ထောက်ခဲ့မဲ ခုနှစ်ထောင် ကျော် ပယ်မဲ နှစ်ဆယ်ကျော်  ကန့်ကွပ်မဲမရှိခဲ့ကြောင်း သတင်းရရှိသည်


သတင်း=ရွှေရည်ဝင်း(တိုင်းဧရာ)
ဓာတ်ပုံ ရွေရည်ဝင်း

No comments:

Post a Comment