Latest News

Tuesday, May 1, 2018

ဆီဖြည့်ပြီးပြန်ထွက်လာသော ၁၂ ဘီး ယာဉ်နှင့် အရှိန်ပြင်းစွာ မောင်းနှင်လာသော ၂၂ ဘီး ကုန်တင် ယာဉ်တို့တိုက်မိ

ဆီဖြည့်ပြီးပြန်ထွက်လာသော ၁၂ ဘီး ယာဉ်နှင့် အရှိန်ပြင်းစွာ
မောင်းနှင်လာသော ၂၂ ဘီး ကုန်တင် ယာဉ်တို့တိုက်မိ

ရေတာရှည်   မေ ၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာအနီး ပြည့်ပြည့်ဓါတ်ဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေးကားလမ်းတွင် မေ ၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီး ဆီသယ်ဘောက်ဆာယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဖြစ်စဉ်အား ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ် ကျော်ကျော်ဝင်း ဦးစီးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ တောင်နန်ချွန်ကျေးရွာအနီး ဦးသီဟ(၆၄)နှစ်၊ ပိုက်ကြီးဝဲရွာ၊လှည်းကူးမြို့နေသူမောင်းနှင်ပြီး အာကာဇော်(၂ဝ)နှစ်၊မြို့မရပ်ကွက်၊ လှည်းကူးမြို့နေသူ လိုက်ပါလာသော 9C/------၁၂ ဘီးကုန်တင်ယာဉ်သည် ကားလမ်းအရှေ့ဘက်ရှိ  ပြည့်ပြည့်စက်သုံးဆီအရောင်းဆိုင်တွင် ဆီဖြည့်ပြီး ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့မောင်းထွက်စဉ် တောင် မှ မြောက်သို့ ဦးကျော်သူအောင်(၅၃)နှစ်၊ နတ်စင်ကုန်းကျေးရွာ၊ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်မြို့နေသူမောင်းနှင်ပြီး မျိုးမင်းသူ(၁၈)နှစ်၊ နတ်စင်ကုန်းကျေးရွာနေသူလိုက်ပါလာသော 3K/-----TRACTOR HEAD၂၂ ဘီးကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ် တိုက်မှုကြောင့် ယာဉ်နောက်လိုက် မျိုးမင်းသူ တွင်(စိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment