Latest News

Wednesday, May 9, 2018

ဘောလုံး အဆင့်အတန်း ကွာဟပေမယ့် လိဒ်ယူနိုက်တက် အသင်းကို ပြန်လည် တုံ့ပြန် ကစားနိုင်ရန် ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဦးငွေထွန်း ပြော

ဘောလုံး အဆင့်အတန်း ကွာဟပေမယ့် လိဒ်ယူနိုက်တက် အသင်းကို ပြန်လည် တုံ့ပြန် ကစားနိုင်ရန် ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဦးငွေထွန်း ပြော

ရန်ကုန် မေ ၈

MNL All Stars အသင်းသည် မေ ၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်္ဂလန် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက် တက်အသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် ပြင်ဆင်လျက်ရှိရာ ဘောလုံး အဆင့်အတန်း ကွာဟသော်လည်း ပြန်လည် တုံ့ပြန်ကစားနိုင်ရန် ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဦးငွေထွန်းက ပြောသည်။

''ဘောလုံး အဆင့်အတန်းအရ ကြည့်မယ်ဆိုရင် အရမ်းကွာနေတယ်။ ဒီလိုကွာဟတဲ့ Level နဲ့ ထိတွေ့လိုက် ရတာကိုက မြန်မာ့အားကစားလောကအတွက် အရမ်းတန်ဖိုး ရှိပါ တယ်။ ဒီပွဲမှာ သူတို့ပေးတဲ့ ဖိအား၊ တွန်း အားတွေက ကျွန်တော်တို့ ကစားသမားတွေအတွက် အတွေ့အကြုံ ကောင်းတွေဖြစ်မှာပါ။ ကျွန်တော်တို့ ဘက်ကလည်း ပြိုင်ဘက်ကို ပြန်ပြီးတုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားတယ်''ဟု ဦးငွေထွန်းက ပြောသည်။

MNL All Stars အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့သည် မေ ၉ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ယင်း ပွဲစဉ်သည် မြန်မာနိုင်ငံအတွက် အခွင့် အရေးကောင်းတစ်ခုဖြစ်သည်။ ''ဒီလို အင်္ဂလန်အသင်းနဲ့ ကစားဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ ပထမဆုံးလို့ ပြောရမယ်။ အခွင့်အရေးက အရမ်းကောင်းတဲ့ အခွင့်အရေးပါ။ တစ်ဖက်အသင်းက အင်္ဂလန်ကလပ် ဖြစ်နေတယ်။ လိဒ်ယူနိုက်တက်အသင်းရဲ့ပုံရိပ်ကလည်း အရင်က အရမ်းကောင်းခဲ့တဲ့ ပုံရိပ်ရှိခဲ့တယ်။ ကျွန်တော်တို့က သူတို့ကို ယှဉ်ပြိုင်မယ်ဆိုရင် အများကြီး ပြင်ဆင်ရမယ်။ ဒါကြောင့် MNL မှာ အကောင်းဆုံး ကစားသမားတွေကို ရွေးထားတယ်။ ကျွန်တော့်အနေနဲ့ လိဒ်ယူနိုက်တက်အသင်းက လက်ရှိမှာဘယ်လို အခြေအနေရှိလည်း လေ့လာထားပါတယ်'' ဟု ဦးငွေထွန်းက ပြောသည်။

MWD

No comments:

Post a Comment