ဒီအကြောင်းကို မပြောချင်ပေမဲ့
ဖုံးကွယ်လို့မရတဲ့ သဘာဝဘေးဒဏ်ကြီးမို့
အနည်းငယ်တင်ပြလိုပါတယ်.....
ကျတော်တို့မိသားစုလေးဟာ လယ်ယာလုပ်
ုရေလုပ်ငန်း အချို့ဖြင့် လုပ်ကိုင်စားသောက်ကြပါတယ်
ကျတော်တို့ရဲ့ ဘိုးဘွားပိုင်မြေမှ ခွဲပေးပြီနောက် လယ်နဲ့နီးတဲ့ ဥယာဉ်ခြံမှာ အိမ်ဆောက်နေကြပါတယ်
ဒီလိုနဲ့ ညနေ ၃း၀၀နာရီလောက်မှာ မိုးဖွဲလေးစပြီကျလာပါတယ်
၎း၀၀နာရီလောက်မှာ လေတိုက်ပြီးမိုးရွာလာပါတယ်
မိုးတွင်းဘက်မို့ မိုးရွာလေတိုက်တာ အဆန်းမဟုတ်ပေမဲ့
မိုးလေ၀သ သတင်းတော့ မျက်စိဖွင့်နားစွင့်ရပါတယ်....
ဒီလိုနဲ့ ၅း၀၀နာရီမှာ နဲနဲထူးခြားလာပါတယ်
ဘယ်လိုထူးခြားလဲဆိုတော့
လေနဲ့မိုးက သိသိသာသာပြင်းလာပါတယ်
ကျတော်တို့အိမ်က ခြံထဲမှာဆိုပေမဲ့ လယ်ကွင်းဘေးမှာဆိုတော့
အမိုးတွေက လေတိုက်တော့ပွင့်ပြီး မိုးပက်ပါတယ် မကြာပါဘူး
အခြေအနေက သိပ်မဟန်တော့တာနဲ့
ခြံထဲက မန်းချို(ဦးလေး)တို့အိမ်မှာ
သွားနေဖို့ ပါးပါးနဲ့ မိုးမိုးက သွားခိုင်းတော့သွားကြပါတယ်
ပါးပါးက အိမ်မှာရှိတဲ့ တိရစ္ဆာန် တွေစောင့်ကြည့်ဖို့ကျန်ခဲ့ပါတယ်
ကျတောအမေနဲ့ မောင်နှမ တွေဟာ ဦးလေးအိမ်ကိုရောက်နေပါတယ် အဲမှာ ရွာထဲက ကမ်းနားမှာနေသူ
အချို့ရောက်လာကြပါတယ်(၁၅မိနစ်ခန့်လျောက်ရ)
အဲမှာ ဦးလေးနဲ့ ဖူဖူ(ဘိုးဘိုး)က ရေဒီယိုသတင်းကို လက်မလွတ်တမ်းနားထောင်နေပါတယ်
ပြီးတော့ အခြားကွင်းထဲမှာ နေတဲ့ မိသားစုင၀်လဲ ရောက်လာကြပါတယ်
အဲမှာလူပေါင်း ၄၀-၅၀ကျော်လောက်ရှိမယ်
မိုးချုပ်စပြုလာပြီမို့ မှောင်လာပါပြီ
လေနဲ့မိုးက အတော်ပြင်းလာ
ပြီမို့ အိမ်ကမခံနိုင်ဘဲ ရိုင်လာပါတယ်
လူကြီးတွေဝိုင်းတွန်းပြီး ကျားခံပြီးထောက်ထားသော်လဲ မရပါ
နောက်ဆုံးမရတော့တဲ့အဆုံး အိမ်ပေါ်မှာနေသူအားလုံး
ဆင်းပြီးမိုးရေတောထဲမှာ နေရတာပေါ့
အြုမှာ မိုးမိုးက ဘယ်နားမှာ ပါးပါးကကောဘယ်မှာလဲမသိတော့ဘူး လက်ထဲမှာလဲ ဓာတ်မီးလဲမပါ
ကျတော်မှတ်မိတာက ဘေးမှာအခြားလူတွေအပါအ၀င်
ကျတော့ညီမ တစ်ယောက်ပါပါတယ်
သူ့ခမျာ အေးလို့လား အမေကိုမတွေ့လို့လား ကြောက်လို့လားတော့မသိ အရမ်းဘဲ ငိုရှာနေပါတယ်
ကျတော်လဲ ဘာမှမတတ်နိုင်ပါ
(ဆုတောင်းရုံကလွဲပြီး)
"အိုအဖဘုရားသခင် ကျတော်ညီမလေးကို ကူညီတော်မူပါ"
၇း၀၀နာရီကျော် ၈း၀၀လောက်မှာအဲမှာ ဦးလေးက ဓာတ်မီးတစ်လုံးနဲ့လာခေါ်ပါတယ် ခြံပေါ်မှာရေက ထိုးတက်လာတာတွေ့ရပါတယ်....
ခြံထဲက တောင်ဘို့ တစ်ခုမှာ စုပြီးရောက်တာတွေ့ရပါတယ်
(ကုန်းမြင့်ပြီး နေရာကောင်းတော့)
အဲမှာ သတိထားမိတာက အဲမှာ အဖေမပါဘူး
အဖေကောဘယ်ရောက်နေပါလိမ့်
ည ၉း၀၀နာရီလောက်မှာရေက ကျတော့ရဲ့ ခါးလောက်မှာ
ရောက်လာပါတယ်
လေကတော့ တော့ တောင်ဘက်ကနေ မြောက်ဘက်ကို တိုက်နေပါတယ် ခြံထဲမှာမို့ အုန်းသီးတွေနဲ့ အခြားအမိုက်တွေလဲ မျောလာပြီး ကျတော်ရဲ့အနောက်ကနေ အဆက်မပြတ်တိုက်နေပါတယ်
စိတ်ထဲမှာ "ဒီအုန်းသီးတွေမနက်ကျမှ ခုတ်စားမယ်ပေါ့"
ပိုးကောင်တွေလဲ အင်္ကျီထဲကနေ တိုးလာတာ ဖယ်ရတာလဲ
တစ်ကြောင်း
တခုကောင်းတာက ခြံထဲမှာ အပင်မျိုးစုံရှိတဲ့အပြင်
လယ်ကွင်းပတ်ခြာလည်မှာ အပင်တွေအပြင် တောတွေလဲ အများကြီးဆိုတော့ အခြားရွာက မျောလာတဲ့ အိမ်ပျက်တွေအမှိုက်တွေ ဒိုက်တွေက ကျတော်တို့ဆီမရောက်ဘဲ တောတွေနဲ့ ငြိတွယ်နေတာပေါ့
ဒါနဲ့ ကျတော်တို့က မိုးကာဖို့အတွက်ဖျာနဲ့ကာထားတာပေါ့
ကျတော့နားထဲမှာကြားမိတာက အမေခေါ်သံ ကျတော်ကိုများခေါ်လားလို့ ဖျာကိုဖွင့်ပြီးနားထောက်ကြည့်လိုက်တော့
ကြားရဖို့နေနေသာသာ
မိုးရည်တွေက အသားကိုထိတော့အရမ်းစပ်တော့ ဖွင့်ထားတဲ့ဖျာကိုအသာလေး ကျောကပ်ထားလိုက်မှ
နေသားကျသွားပေမဲ့ ရေတောထဲမှာ မတပ်ရပ်နေတော့
ချမ်းလာပါတယ်
မတတ်နိုင်ဘူးလေ အဲမှာ ငိုသူကငို နဲ့
ကျတော်လဲ မသေရေးကိုဘေးဒဏ်
အားတင်းထားရတာပေါ့
အဲမှာ ကျတော်တို့ချောင်းရဲ့ဘေးက ကွင်းထဲမှာနေတဲ့
အဖေ့ရဲ့ ညီဝမ်းကွဲတွေမိသားစု ၂စုက ခြံထဲက ကျတော်တို့နေတဲ့နေရာဆီတမ်းပြီးရောက်လာပါတယ်
ည ၁၂း၀၀နာရီလောက်မှာ လေနဲ့မိုးငြိမ်သွားပါတယ်...
ဒါနဲ့ မပြီးသေးဘူး နာရီဝက်လောက်နေပြီး
အနောက်မြောက်ဘက်နေ တစ်ကျော့
ပြန်တိုက်တယ် အဲလေ ကျမှပိုဆိုးတော့
ပိုပြီးမလွယ်ရောပေါ့
၁နာရီလောက်အကြာမှာ လောကတခွင်လုံးက ငြိမ်းချမ်းသွားတယ်ပြောရမလား?
ပွဲပြီးသွားတယ်ပြောရမလား?
ရေက လျောသွာတော့ မကြာပါဘူး
ခြံထဲကရေကျသွားတော့ ကျတော်တို့မှာရှိတဲ့ စောင်ရေစိုကို ရေညစ်ပြီး ဖူဖူနဲ့အတူခြုံပြီး
တစ်ညတာကို အဲလိုဘဲ ဖြတ်သန်းခဲ့ပါတယ်
ဖြစ်ချင်တော့ မနက် ၅း၀၀နာရီလောက်မှာ
ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက ဗိုက်နာတော့ လက်သည်(အရပ်လက်သည်)ခေါ်တာပေါ့
သူလဲ ရေကူးပြီး အခြားအိမ်ကနေ လေငြိမ်မိုးငြိမ်မှရောက်လာတော့ လုံခြည်မပါမို့ သွားမမွေးပေးချင်...
®သူများပြောလို့သိရ®
မိုးလင်းတော့ အရာအားလုံးနီးပါး ပြောင်လဲသွားတယ်
ဘာကြောင့်လဲဆိုတော့ အချို့မိသားစုတော်တော်များများက
သေတဲ့သူကသေ
ပျောက်တဲ့သူကပျောက်ပေါ့
အရမ်းဝမ်းနည်းသူများလဲ တွေ့ရပါတယ်
အချို့ဆို မိသားစုလိုက်ပါသွားတဲ့သူလဲရှိပါတယ်
(ကျတော်တို့ရွာ)
အချို့ရွာတွေဆို အလောင်းတွေနဲ့ တိရစ္ဆာန်တွေနဲ့ ခြေချစရာနေရာ မရှိသလို
ရေလမ်းနဲ့သွားတဲ့အခါမှာလဲ တော်တော်လေး ထိုးဝါးနဲ့ဖယ်ပြီးမှသွားရပါတယ်
ကျတော်တို့ လပွတ္တာမြို့နယ် မှာရွာပေါင်း ၅၀၀ကျော်ရှိပါတယ်
လပွတ္တာအောက်ပိုင်းရွာအားလုံးနီးပါလိုလို
သေကြေပျက်စီးကြပါတယ်
ကျတော်တို့ရွာက လူဦးရေ ၂၅၀ကျော်အနက်
၁၅၀ကျော် သေပါတယ်
နာဂစ်မုန်းတိုင်း တိုက်တဲ့မြို့နယ်က
လပွတ္တာမြို့နယ်
ဘိုကလေးမြို့နယ်အချို့
မော်လမြိုင်ကျွန်းမြို့နယ်အချို့အပါအ၀င်ပေါ့
( လူဦးရေဘယ်လောက်သေလဲ တိကျတော့မသိပါ)
သတင်းကြားတာက ၂၅၀၀၀၀ကျော်လို့ ကြော်ငြာပါတယ်
အမှုတော်ဆောင် ဆရာတစ်ဦးက
၃၀၀၀၀၀ခန့်သေတဲ့လိုပြောပါတယ်
"ကမ္ဘာမှာ သဘာဝဘေး အန္တာရာယ်မှာ ထိခိုက်ဆုံးရှုံးမှုအများဆုံး မှတ်တမ်းတင်ပါတယ်"တဲ့
မိုးလင်းတော့ စားဖို့ဆန်က ရေအားလုံးမြုတ်သွားတော့
ရေမြုပ်ဆန်ချက်စားရပါတယ်
အဆင်မပြေတာတစ်ခုက
ဆားမရှိတော့ အသားငါးတွေစုံပေမဲ့
ထမင်းကချဉ် ဆားမပါ
သောက်ရေက ခြံထဲမှာ တွင်းရေတူးလို့ရပါတယ်
ကျန်းမာရေးအတော် ချင့်ချိန်ရ
ဝမ်းနည်းဖို့ကောင်းတာက
နာဂစ်ဖြစ်ပြီး မနက်မှာ လူတစ်စုက ဒါးရွင်းကိုင်သူက ကိုင်
ဓားကိုင်သူက ကိုင် သူတို့ပြောတာတော့
သူတို့မိသားစုတွေလိုက်ရှာတာတဲ့
စုံစမ်းကြည့်တော့ ပစ္စည်း (ရွှေထည်)အဖိုးတန်ပစ္စည်းတွေ
လိုက်ယူတာ
ပြီးတော့လယ်ကွင်းခြံထဲမှာ ရောက်လာတဲ့ ကျွဲတွေကို ထိန်းကျောင်းတယ်(ဦးလေးတွေ)
မကြာပါဘူး ၃-၄ရက်လောက်မှာ အခြားရွာက လူတစ်ယောက်ဟာ သူ့ကျွဲဆိုလို့ အားလုံးပေးလိုက်တယ်
စုံစမ်းကြည့်တော့
သူ့ကျွဲ မဟုတ်ပါ....
၃-၄ရက်နေတော့ စားဝတ်နေရေးအတွက် အခြားရွားက ရေမြုပ်ပြီး အပင်ပေါက်လာတဲ့ စပါးတွေသွားကြုံးပြီးနေလှန်း
နေလှန်းပြီး ဆုံနဲ့ထောင်း
ပြီးတော့ ထမင်းချက်စားရပါတယ်....
၇ရက်မြောက်နေ့မှာ မြောင်းမြပိုးကရင်နှစ်ခြင်းသာသနာနယ်
အဖွဲ့ချုပ်က
ရောက်လာပြီး
ဆန် ဆီ ဆားအခြား အစားအစာအပါအ၀င်
ဆေးဝါးအချို့နဲ့ မကျန်းမာသူများကို
ဆေးကုသပေးပါတယ်
၁၀ရက်ခန့်မှာ အခြားအလှုရှင်တွေအပါအ၀င်
တပ်မတော်မ ရဟာတ်ယဥြ်ဖင့် ကျတော်တို့ရွာကိုဆင်းလာပြီး
အ၀တ်အစား အသုံးအဆောင်
ဆေးဝါးအချို့ ချပေးထားခဲ့ပါတယ်
အဲမှာ လာတ်စားတဲ့သူကစား
နာဂစ် အမည်ခံပြီးအချို့ ပုဂ္ဂိုလ် တွေက..................
အထက်ဒေသက လူတွေေ၇မျောကမ်းတင်တဲ့
သစ်အသုံးအဆောင် လာရောက်ကောက်ယူသူများလဲရှိပါတယ်
(အားလုံးကိုပြောချင်းမဟုတ်ပါ)
နာဂစ်ုမုန်တိုင်းလို အဖြစ်ဆိုးမျိုးနဲ့ (ဘယ်တော့မှ)မကြုံကြပါစေနဲ့
မှတ်ချက်။ ။ကျတော်တို့မိသားစုအပါအ၀င် ဘိုးဘိုးဘွားဘွား
ဦးဦးဒေါ်ဒေါ် ညီကိုမောင်နှမ ၂၀ဦးကျော်ဟာ
တစ်ဦးတစ်ယောက်မှသေဆုံးမှုမရှိပါ.....☺ ☺ ☺
နစ်ဂစ်ဒေသ
စအောင်စန်းဒေး
လပွတ္တာ
Tuesday, May 1, 2018
နာဂစ်မုန်တိုင်း နှင့် ကျတော်ဖြတ်သန်းမှု( 2 may 2018(နာဂစ် ၁၀နှစ်ပြည့်)
နာဂစ်မုန်တိုင်း နှင့် ကျတော်ဖြတ်သန်းမှု( 2 may 2018(နာဂစ် ၁၀နှစ်ပြည့်)
Reviewed by timeayeyar
on
2:57 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment