Latest News

Tuesday, May 22, 2018

1MDB အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးရန် မလေးရှား အစိုးရက အထူးလုပ်ငန်း အဖွဲ့ ဖွဲ့စည်း

1MDB အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးရန် မလေးရှား အစိုးရက အထူးလုပ်ငန်း အဖွဲ့ ဖွဲ့စည်း

ကွာလာလမ်ပူ မေ ၂၁

မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDB ၏အရှုပ်တော်ပုံနှင့် စပ်လျဉ်း၍ အကျင့်ပျက် ခြစားမှုများရှိ၊ မရှိ စုံစမ်းစစ်ဆေးမည့် အထူးလုပ်ငန်းအဖွဲ့ကို မလေးရှားအစိုးရက ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက မေ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ အထူးလုပ်ငန်း အဖွဲ့တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာန၊ ရဲတပ်ဖွဲ့နှင့် ဗဟိုဘဏ်မှ တာဝန်ရှိသူများ ပါဝင်ပြီး နိုင်ငံပိုင် ရန်ပုံငွေကို အသုံးပြု၍ ရယူခဲ့သည့် ပိုင်ဆိုင်မှု ပစ္စည်းများကို ရှာဖွေဖော်ထုတ်၍ သိမ်းဆည်း သွားမည်ဖြစ်သည်။

ထို့ပြင် ၎င်းအဖွဲ့အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ ကနေဒါနှင့် အခြားနိုင်ငံများမှ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

1MDB ကုမ္ပဏီကို ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ၂ဝဝ၉ ခုနှစ်တွင် တည်ထောင် ထားခြင်းဖြစ်သည်။ နာဂျစ်ရာဇက်သည် ၎င်း၏ဘဏ်ငွေစာရင်းတစ်ခုသို့ 1MDB မှ ဒေါ်လာ ၁ဝ ဒသမ ၆ သန်းလွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ မေ ၂၂ ရက်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဌာန၏ စစ်ဆေးမေးမြန်းမှုကို ခံရဖွယ်ရှိသည်။

1MDB မှ ငွေကြေးအမြောက်အမြား ပျောက်ဆုံးနေခြင်း စုံစမ်းဖော်ထုတ်ရန်သည် ဝန်ကြီးချုပ် အသစ်ဖြစ်သည့် မဟာသီယာမိုဟာမက်၏ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်သည်။

MWD

No comments:

Post a Comment