Latest News

Saturday, April 14, 2018

သင်္ကြန်အကြိုနေ့ ရန်ကုန်၌ ပြေးဆွဲနေသောYBSယာဉ်တချို့ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံနေ

သင်္ကြန်အကြိုနေ့ ရန်ကုန်၌ ပြေးဆွဲနေသောYBSယာဉ်တချို့
သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံနေ


ရန်ကုန် ဧပြီ ၁၃

ယနေ့ ၁၃၇၉ ခုနှစ် မဟာသင်္ကြန်အကြို နေ့တွင် ရန်ကုန်မြို့တွင်း လမ်းကြောင်း အချို့၌ ပြေးဆွဲလျက်ရှိသောYBSယာဉ် လိုင်းအချို့မှာ ယာဉ်လုပ်သားများက သတ်မှတ်နှုန်းထားများထက် ပိုမို ကောက်ခံလျက် ရှိကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

''ကျွန်တော်က မင်္ဂလာဒုံ ပုလဲဘက် ကနေ အလုပ်လာဆင်းတာပါ၊ ကျွန်တော် တို့အလုပ်က သင်္ကြန်တွင်းလည်း ဆင်းရတယ်၊ ဖယ်ရီကား ရယ်လို့ မရှိ ပါဘူး၊ ခုကျွန်တော်ရုံးကိုလာတာ ခါတိုင်းဆို ငွေကျပ် ၄ဝဝ လောက်နဲ့ ရောက်ပါတယ်၊ ဒီနေ့ သင်္ကြန်အကြို နေ့မှာ ငွေကျပ် တစ်ထောင်လောက် ကုန်မှပဲ ရုံးရောက်ပါတယ်၊့ြှ ကား တွေက တချို့ ပုံမှန်ဈေးပဲတောင်းပေမယ့် တချို့ယာဉ်လုပ်သားတွေက ပေါ်တင်ပဲ ပိုပြီးတောင်းယူကြတယ်၊ သက်ဆိုင်ရာက ထုတ်ပြန်ထားလည်း တချို့ ငွေပုံးထဲ တောင် မထည့်ခိုင်းပါဘူး၊ ပေါ်တင်ပဲ ဘယ်လောက်ကျတယ်ဆိုပြီး တောင်းပါ တယ်၊ ကျွန်တော်ကတော့ အခု လမ်း ကြောင်းတစ်ခုကို ငွေကျပ်ငါးရာ ပေးခဲ့ ရတယ်''ဟု ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ယခုနှစ်သင်္ကြန် ကာလ ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများအဆင်ပြေရန်YBSယာဉ် လိုင်းပေါင်း ၆ဝ ကျော်ဖြင့် ယာဉ်အစီး ရေ ၇၆၉ စီးဖြင့် ပြေးဆွဲပေးရန် စီစဉ် ခဲ့သည်။

သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံမှုမပြုရန်နှင့် မူးယစ် သောက် စားပြီး မောင်းနှင်မှုမပြုရန် စသည်ဖြင့် စည်းကမ်းများ ချမှတ်ခဲ့သော် လည်း ယနေ့အကြိုနေ့တွင် လိုက်နာမှု မရှိဘဲ ယခင်နှစ်များနည်းတူ သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံမှုများ ပြုနေသည်ကို တွေ့မြင်နေရသည်။
'' စီးနိုင်ရင်စီး၊ မစီးနိုင်ရင် မလိုက် နဲ့လို့တောင် ပြောလိုက်သေးတယ်၊ ကျွန်တော်တို့က ဒီသင်္ကြန်ရက်တွေမှာ သတ်မှတ်နှုန်းထားအတိုင်း မမောင်း နိုင်ဘူး၊ ခရီးသည်တွေလည်း မစီးနိုင်ရင် မစီးကြနဲ့၊ သှူကြည့်ရတာလည်း မူးနေ တယ်၊ ကားပေါ်တက်ကတည်းက ဘယ် စီးစီး ငွေကျပ်ငါးရာ ပေးစီးရမယ်လို့ ပြောတာ၊ လိုင်းကားတွေကလည်း ကား တွေအများကြီး စီစဉ်ပေးထားတယ် လို့သာပြောတာ၊ သိပ်ထွက်တာလည်း မတွေ့ရပါဘူး'' ဟု တောင်ဒဂုံမှ တာမွေ သို့ လိုက်ပါစီးနင်းလာသော ခရီးသည် ဒေါ်သော်တာက ပြောသည်။

ယခုနှစ် သင်္ကြန်ကာလတွင်းYRTA အနေဖြင့် ခရီးသည်များ အဆင် ပြေစေရန် ယာဉ်စီးရေကို ယခင်နှစ် များထက် ပိုမိုတိုးချဲ့ပြေးဆွဲခဲ့သော် လည်း တချို့ခရီးစဉ်များမှာ ပြေးဆွဲမည့် ယာဉ်များမရှိဘဲ ယာဉ်လမ်းကြောင်း ပင် ပျောက်နေပြီး အဆိုပါ ခရီးစဉ်လမ်း ကြောင်းများ၌ အောက်ဆိုက်ကား များသာ ပြေးဆွဲလျက်ရှိသည်။ YBS ယာဉ်လိုင်းအများစုမှာမူ ပုံမှန်ဈေးနှုန်း အတိုင်း ပြေးဆွဲမှုများရှိသော်လည်း စည်းကမ်းဖောက်ဖျက်YBSယာဉ်လိုင်း အချို့မှာ သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံမှုများရှိနေကြောင်း သိရ သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသောYBS ယာဉ်လိုင်းများအနေဖြင့် သင်္ကြန် တွင်းကာလတွင် ယာဉ်စီးခ ပိုမိုတောင်းခံ ခြင်းများရှိပါက YRTAနှင့် စည်းကမ်း ထိန်းသိမ်းရေးHot Line ဖုန်းများ ဖြစ်သော ဝ၉-၄၄၈၁၄၇၁၄၉ နှင့် ဝ၉-၄၄၈၁၄၇၁၅၄ တို့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ( YRTA) မှ ထုတ်ပြန်ထားသော်လည်း တချို့YBS ယာဉ်လိုင်းများက ငွေပိုတောင်းခံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment