Latest News

Saturday, April 14, 2018

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၁၃

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူး အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၃ ရက် နံနက် ၁၁ နာရီမှ ၁၁ နာရီ မိနစ် ၅ဝ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့Teknaf Land Port House စခန်း၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင် ဝင်ရောက်မှု ကိစ္စ၊ အောက်ခြေအဆင့် သတင်းဖလှယ်ရေး အတွက် တာဝန်ရှိသူများ၏ ဖုန်းနံပါတ် များ အပြန်အလှန် ပေးပို့ထားရေးကိစ္စ၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါး အန္တရာယ် ပူးပေါင်းတားဆီးဆောင်ရွက်မည့်ကိစ္စ၊ မောင်တောမြို့နယ် ကျောက် ပန္တုရဲကင်း စခန်း၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ပင်လယ် ကမ်းခြေတွင် စက်လှေမျောပါ သဖြင့် ကယ်ဆယ်ထိန်းသိမ်းထားရှိသော ငါးဖမ်းစက်လှေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦး ပြန်လည်လွှဲပြောင်း လက်ခံနိုင်ရေး ကိစ္စ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေရပ် စွန့်ခွာသူများနှင့် ပတ်သက်သော ကိစ္စရပ် များ၊ တရားမဝင်မှောင်ခိုစက်လှေများ အား ပူးပေါင်းဖမ်းဆီးနိုင်ရေးနှင့် ARSAအကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့် ပတ်သက် သောကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁ဝ ဦးတို့ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment