Friday, April 13, 2018
ခပ်ချေချေ မြောင်းမြ
သေနတ်သံ ဆယ်နှစ်တစ်ခါ မကြားရတဲ့ နေရာမှာ
ငြိမ်းချမ်းရေး အကြောင်းကို
စိုက်ပျိုးရေသမား အများစုနဲ့ ဆွေးနွေးတဲ့အခါ....
မြောင်းမြဟာ ပြက်လုံး တခုဖြစ်ခဲ့မယ်ပေါ့....
ဟားဟားဟား
ခင်ဗျားတို့မှားတယ်.....
မြောင်းမြဟာ
အလှူပွဲ ခဏသွားခဲ့တာပါ....
ပုဆိုးအသစ် အင်္ကျီ အသစ်နဲ့ အမေ့အချစ် သားအနှစ်ပါ...
အလှူပြီး အဝတ်လဲတဲ့အခါ
မြောင်းမြဟာ မြောင်းမြပါပဲ...
ကောဇောအနီ တလှည့်
ကောဇောစိမ်း တလှည့်
အရောင်ပြ နိုင်ငံရေးမှာ
ဓားစာခံ ဖြစ်ခဲ့ ရုံလေးပါ....
မြောင်းမြရဲ့ ဒဏ်ရာ မြောင်းမြပဲသိတယ်..
တပြည်လုံး က အာလာဒင် လာမန်းတယ်ထင်နေတာ
မြောင်းမြ နစ်နာတယ်....
Wai Lin Aung
ခပ်ချေချေ မြောင်းမြ
Reviewed by timeayeyar
on
10:36 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment