သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းသုံးပုံတစ်ပုံသာပေးဆွဲမည်
ရန်ကုန် ဧပြီ ၁၁
ရန်ကုန်မြို့ ခရီးသွားပြည်သူများအား အဓိကဝန်ဆောင်မှုပေးနေသော YBS ယာဉ်လိုင်းများ အနေ ဖြင့် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေလျောမွေ့စေရေးအတွက် ယာဉ်လိုင်း သုံးပုံတစ်ပုံသာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
"ဒီနှစ်သင်္ကြန်က မနှစ်အနဲ့တော့မတူဘူး။ မဏ္ဌပ်တွေအနေအထားအရ ယာဉ်လိုင်းတွေအနေနဲ့လမ်းကြောင်းပြောင်းဆွဲပေးရတာတွေရှိမယ်။ ယာဉ်လိုင်းသုံးပုံတစ်ပုံလောက်ပြေးဆွဲပေးမှာဖြစ်ပါတယ်။ ယာဉ်စီးရေအနေနဲ့ ၈၀၀ လောက်ပြေးဆွဲပေးမှာဖြစ်ပါတယ်။ ယာဉ်မောင်းတွေအနေနဲ့သင်္ကြန်ကာလအတွင်းမှာ စည်းကမ်းကိုပိုလိုက်နာ ဖို့ ၊ ယာဉ်စီးခပိုတောင်းတာတွေမဖြစ်ဖို့ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဒေါက်တာ မောင်အောင်ကပြောသည်။
ရန်ကုန်မြို့ကြီးတွင် ပုံမှန်အားဖြင့် လူဦးရေနှစ်သန်းခန့်ပုံမှန်သွားလာနေကြသော်လည်း သင်္ကြန်ကာလအတွင်း ရုံးများ၊ကျောင်းများပိတ်ထားမည်ဖြစ်သည့်အတွက် ခရီးသွားသူအရေအတွက်မှာပုံမှန်ထက်လျော့ကျနိုင်သည်။သို့သော်းလည်းမဖြစ်မနေဖွင့်လှစ်ရသော ဌာနဆိုင်ရာများ၊ဈေးများ၊ဖွင့်လှစ်ထားရသည့်အတွက် အများစုမှာ YBSယာဉ်လိုင်းများကိုသာအဓိကအားထားနေကြရသည်။
ပြီးခဲ့သည့်နှစ်သင်္ကြန်ကာလတွင် YBS ယာဉ်လိုင်းကြီးများအနေဖြင့် ပြေးဆွဲမှုရှိသော်လည်း ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခကို ကျပ် ၂၀၀ မှ ကျပ် ၅၀၀ ၊ ၁၀၀၀ အထိတိုးကောက်လျက်ရှိသည်ကိုတွေ့ရသည်။
သတင်းနှင့်ဓာတ်ပုံ မြင့်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment