Latest News

Wednesday, April 11, 2018

လပွတ္တာမြို့နယ်တွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံး

လပွတ္တာမြို့နယ်တွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံး

တန်ခူး (တိုင်းဧရာ)
လပွတ္တာ၊ ဧပြီ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦး ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေ့ပိုင်းက မိုးကြိုးထိမှန်ခဲ့သည့်အတွက် ပွဲချင်းပြီး
သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ၊ ၄၅ မိနစ် အချိန်တွင် လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာနေ ဇော်မျိုး (၃၆)နှစ်မှာ ပိန္နဲတောင်ကျေးရွာတောင်ဘက် လယ်ကွင်းအတွင်း လမ်းလျှောက် သွားစဉ် မိုးကြိုးပစ်ခံရ၍ ဝဲနားသွေးထွက်၊ ကျောညိုမဲဒဏ်ရာ များနှင့် ဦးခေါင်းနောက်ရှိဆံပင်များ မီးကျွမ်းလျက် သေဆုံးခဲ့သည့် အတွက် လပွတ္တာမြို့ ခုတင်(၂၀၀) ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသေဆုံးမှုအား လပတ္တာမြို့၊ ၃-မိုင်နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်ထဲရေး

No comments:

Post a Comment