ပုသိမ် ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပုသိမ်-မော်တင်စွန်းကားလမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၅ ဖာလုံ မဏ္ဍပ်ကျေးရွာ၌ Robusta မြေပြန့်ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးလျက် ရှိရာ ယခုအချိန်တွင် အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ Robusta မြေပြန့်ကော်ဖီပင်များကို ၂ဝ၁၂ ခုနှစ်တွင် မဏ္ဍပ်ကျေးရွာ၌ ဧကပေါင်း ၃ဝ၁ ဧက စတင် စမ်းသပ်စိုက်ပျိုးခဲ့ပြီး ယခုကာလတွင် ရောင်းတမ်းမီ ကော်ဖီစေ့ များအဖြစ် အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။
ဧရာဝတီ တိုင်းဒေသကြီးမှ ထွက်ရှိသော Robusta မြေပြန့်ကော်ဖီပင်များကို နေလှန်း အခြောက်ခံကာ ရန်ကုန်မြို့သို့တင်ပို့ပြီး ခေတ်မီစက်ကြီးများဖြင့် အမှုန့်ကြိတ်၍ အသင့်သောက်သုံးနိုင်သော ကော်ဖီများ ထုတ်လုပ်လျက်ရှိကြောင်း၊ Robusta မြေပြန့်ကော်ဖီပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက် ရှိသဖြင့် အခြားမြို့နယ်များတွင်လည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
၂ဝ၁၉ ခုနှစ်တွင် Robusta မြေပြန့်ကော်ဖီပင်များကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် ဒေသခံ တောင်သူများ စိုက်ပျိုးနိုင်ရေး အသိပညာပေး ဟောပြော ပွဲများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment