Latest News

Monday, April 9, 2018

မူဆလင် ဒုက္ခသည်များ အရေး တရားစီ ရင်ခွင့် ရှိမရှိ ဆုံးဖြတ်ပေးရန် ICC အရာရှိများ က တရားဝင် တင်သွင်းလိုက်ပြီ


ဧပြီလ ၉ ရက်နေ့ နံက်က အမ်စတာဒမ်ရှိ အိုင်စီစီ အမှုစစ် အရာရှိများက မြန်မာမှ ဘင်္ဂလား
ဒေ့ရှ်သို့ မူဆလင် များ နှင်ထုတ်နေမှု အပေါ်မိမိတို့ အနေဖြင့် စစ်ဆေးပြီး စွဲချက်တင်နိုင်ခွင့်
ရှိမရှိ ဆုံးဖြတ်ပေးရန် အိုင်စီစီ တရားရုံးချုပ်သို့ဦးတိုက် လျောက်ထားလိုက်ပြီ ဖြစ်ပါတယ်။

ထိုကဲ့သို့ လျောက်ထားရခြင်းမှာ ဘင်္ဂလားဒေ့ရှ်သည် အိုင်စီစီ အဖွဲ့ဝင် နိုင်ငံ ဖြစ်နေပြီး ကျုးလွန်
သူ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်းကြောင့် ယခုကဲ့သို့ နယ်ခြား ဖြတ်ကျော်
မှုများတွင် ဥပဒေကြောင်းအရ ရှင်းလင်းစေရန် ဖြစ်တယ်လို့ အိုင်စီစီ အမှုစစ်အရာရှိ
ဖာတို ဘင်ဆိုဒါ (Fatou Bensouda) က ဆိုပါတယ်။

အိုင်စီစီ မှ ၎င်းတို့ ဦးတိုက် လျောက်ထားမှုကိုတည်ဆဲ ရာဇ၀တ်ကြောင်းဆိုင်ရာ ကျင့်ထုံးများ
နှင့် အညီ အတည်ပြု မယ်လို့ မျော်လင့်ကြောင်းလည်း ၎င်းက ပြောပြခဲ့ပါတယ်။

အိုင်စီစီ အနေဖြင့် ကျုးလွန်သူ သည်အဖွဲ့ဝင် နိုင်ငံဖြစ်က ၎င်းတို့ သဘောအရ
တရားစွဲဆို ပိုင်ခွင့် ရှိပြီး အဖွဲ့ဝင်နိုင်ငံ မဟုတ်ကကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ တရားစွဲဆို
ရန်ခွင့်ပြု မှသာ ပြု လုပ်ခွင့် ရှိပါတယ်။

ယခု အခါ လုံခြုံရေး ကောင်စီကို ကျော်လွှားနိုင်ရေးကြံစည်လာကြတာ ဖြစ်ပြီး
အမှုစစ် အရာရှိ ရဲ့ ဦးတိုက်လျောက်ထားမှုကို အိုင်စီစီ မှ မည်သို့ အဆုံးအဖြတ်
ပေးလာမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ မည်သည့်အခါမျ နာမည်ပျက် ကိန်း အား ယခု
လောက် အတိုင်းအတာ နှင့် ကြုံခဲ့ရခြင်း မရှိသည်ကတော့ သေခြာလှပါတယ်။
လှစိုးဝေ

(ကင်ညာ ဒုတိယ သမ္မတ အား ၀ီလျံ ရူတိုအား ICC တရားရုံး ခမ်းမတွင် တွေ့ မြင်ရစဉ်)

No comments:

Post a Comment