Latest News

Monday, April 9, 2018

ပုဂံ-မန္တလေးအမြန်ရထား အတာသင်္ကြန် ပြေးဆွဲမည်

ပုဂံ-မန္တလေးအမြန်ရထား အတာသင်္ကြန် ပြေးဆွဲမည်


မန္တလေး   ဧပြီ   ၈

သင်္ကြန်ကာလအတွင်း ဧပြီ ၁၃၊ ၁၄၊ ၁၅ ရက်တို့တွင် မြန်မာ့မီးရထား၏ မြင်းခြံ-မြို့သာ RBE   ရထားပြေးဆွဲမှုကို  သုံးရက်ကြာ  ရပ်နားထားမည်ဖြစ် ကြောင်း နွားထိုးကြီးရုံပိုင်က ပြောသည်။

ပုံမှန်ပြေးဆွဲနေသော  ပုဂံ-မန္တလေး  အမြန်ရထားနှင့်  မန္တလေး-ပုဂံ လော်ကယ်ရထားများမှာ  အတာသင်္ကြန်အတွင်း  ရပ်နားခြင်းမရှိဘဲ  ဆက်လက် ပြေးဆွဲမည်ဟု သိရသည်။

အတာသင်္ကြန်တွင်း   ကားများရပ်နားထားချိန်   မီးရထားပြေးဆွဲနေ၍ ကြိုဆိုပါကြောင်း၊ ခရီးသွားလာမှုခက်ခဲစဉ် မြန်မာ့မီးရထားက ပုံမှန်ပြေးဆွဲခြင်း ကြောင့်     ဒေသခံများနှင့်    အရေးပေါ်ခရီးသွားလာခြင်းများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဝက်လူးဒေသခံ မီးရထားစီးခရီးသည်တစ်ဦးက ပြောသည်။

ယခင်က လော်ကယ်တစ်စီးသာ အစုန်အဆန်ပြေးဆွဲခဲ့ပြီး ယခုနှစ်တွင် အမြန်ရထားပါ ပြေးဆွဲလာ၍ မြန်မာ့မီးရထားကို ကျေးဇူးတင်ကြောင်း ခရီးသွား များက ပြောသည်။ ယခုနှစ်  ပုဂံ-မန္တလေး သွားလာရေး အတာသင်္ကြန်မှာ အဆင်ပြေမည်ဟု သိရသည်။                          

ခင်ဇာမွန်မြင့်(ဥပဒေ)

No comments:

Post a Comment