ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ လာရောက်
မြောင်းမြ ဧပြီလ ၁၀ရက်
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ကို ယနေ့ဧပြီလ၁၀ရက်နေ့ နံနက်၉နာရီ၃၅မိနစ်အချိန်က မြောင်းမြေ မြို့ရှိ ဂုန်နီ စက်ရုံ ဘောလုံးကွင်း တွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်းသတင်းရ ရှိသည်
က္ကန္ဒိယဆိုင်ရာ သံအမတ်ကြီးမဟာ သီရီ သုဓမ္မဗိုလ်ချူပ် ကတော် ဒေါ်ခင်ကြည်လှူဒါန်းခဲ့တဲ့ ဇေယျ မေဒ္ဒနီ ဘုန်းတော်ကြီးကျောင်းသို့ ၉နာရီ ၅၆မိနစ်အချိန်တွင် လာရောက်ဖူးမြော်ခဲ့ပြီးဧရာဝတီတိုင်းဝန်ကြီးချူပ် ဦးလှမိုးအောင်နှင့် တိုင်းအစိုးရဝင်များ သည် ၎င်းနှင့်အတူ လှူဖွယ်ပစ္စည်းများပေးလှူခဲ့ကြောင်းသိရပါတယ်
အဆိုပါဘုန်းတော်ကြီးကျောင်းတွင်ရှိသော် ညောင်ပင်အား၁၀နာရီ ၁၁မိနစ်အချိန်တွင် အောင်သပြေများဖြင့် ပက်ဖြန်းပြီး ပြန်လည်ထွက်ခွာလာခဲ့သည်
ယင်းနောက် ငြိမ်းချမ်းရေးစကားဝိုင်းသို့ ၁၀နာရီ ၃၅မိနစ်အချိန်တွင် ရောက်ရှိလာပြီး ပညာရေး ကျန်းမာရေး တောင်သူလယ်သမားရေး နိုင်ငံသူနိုင်ငံသားများ၏တာဝန်တစ်ခုဖြစ်တဲ့ အခွန်ငွေများပေးဆောင်ရေး ငြိမ်းချမ်းရေးအစစ်အမှန် ဖြစ်တဲ့ အကြောင်းအရာများအားရှင်းလင်းပြောဆိုခြင်းများနှင့် onlineမှမေးမြန်းသည့် မေးခွန်း၃ခုအား ဖြေဆိုခြင်းများ ၎င်းစကားဝိုင်းတွင် ပြောဆို့ခဲ့သည်
အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်း၁၂နာရီ ၁၅မိနစ်အပြီးတွင် ထ၁ ပညာ ရတနာခမ်းမ မှ ပြန်လည်ထွက်ခွာလာခဲ့ရာ ကာယသုခဘော်ဒါဆောင်တွင်၁၀တန်းကျောင်းသားမီးလောင်းသည့် အမူကိစ္စနှင့်ပက်သက်ပြီး အမှူမှန်ပေါ်ပေါက်ရေးအတွက် ဒေါ်အောက်ဆန်းစုကြည်အားအိတ်ပိတ်စာကို ကိုအတာသည်လမ်းခုလတ်တွင်ပေးခဲ့သည်
အိတ်ပိတ်စာပေးပို့ခဲ့သော်လည်း လုံခြုံရေးမှယူဆောင်သွားခဲ့ကြောင်းတွေ့ရှိရသည်
အဆိုပါကိစ္စများပြီးနောက် မြောင်းမြကြိုးတံတားပြက်ကျခဲ့သည့်နေရာကို ၁နာရီ၁၅မိနစ် အချိန်က ဆက်လက်ရောက်ရှိလာပြီး ၎င်းတံတားနှင့်သက်ဆိုင်သောဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ ဧရာတိုင်းအစိုးရ အဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့သည်
ပြီးနောက် ၂နာရီခွဲအချိန်တွင် မြောင်းမြကြိုးတံတားကိုကြည့်ရှူစစ်ဆေးခဲ့ပြီး ၎င်းတံတားပြက်ကျခဲ့စဉ်သေဆုံးခဲ့ သူများ၏မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၂နာရီ၄၅မိနစ်အချိန်တွင် မြောင်းမြမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သတင်းရ ရှိသည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment