Latest News

Friday, April 20, 2018

Facebook အကောင့်တုဖြင့် မဲဖောက်ပေးမယ် ဆိုတဲ့ သူများကို လင်းလင်း သတိပေး

Facebook အကောင့်တုဖြင့် မဲဖောက်ပေးမယ် ဆိုတဲ့ သူများကို လင်းလင်း သတိပေး




နေပြည်တော်နားက တရားရင်ဆိုင်နေရတဲ့
အဘွားအိုကြီးကိုအလှူသွားလုပ်ပြီး
ကျနော် Facebook တင်ဖူးတယ်,,ဘာလို့လဲဆိုတော့
သိသွားရင်သွားပြီးထပ်လှူလို့ရအောင်လို့,,,

မန္တလေးမှာ စွန့်ပစ်ခံဘို့ဘွားရိပ်သာ တစ်ခုကို
သွားပြီး သိန်း၂၈၀ တန်အဆောက်အဦးတစ်ခုလှူတာကို
Facebook တင်ဖူးတယ်,, ဘာလို့လဲဆိုတော့
လူသိများသွားရင် သွားလှူလို့ရအောင်လို့,,

ကျနော့်မိန်းမချစ်သုဝေ စာတော်ပြီးငွေကြေးမပြည့်စုံတဲ့
ကလေးတွေကို ကျောင်းစရိတ်ထုတ်ပေးတယ်
တစ်ချို့ဆေးကျောင်းတောင်တက်နေပြီ,,
ဒါပေမယ့် Facebook မတင်ဘူး,,
ဘာလို့လဲဆိုတော့ မလိုအပ်လို့ ,,,

ကျနော်တို့လုပ်နေတဲ့ တစ်ပိုင်တစ်နိုင်တစ်ခြား
အလှူတွေအများကြီးရှိတယ် Facebook မတင်ဘူး,,
ဘာလို့လဲဆိုတော့ မလိုအပ်ဘူးထင်လို့,,,

အခုမွေးထားတဲ့ သမီးနှစ်ယောက်နာမည်နဲ့
ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးနဲ့
ပတ်သတ်ပြီး ပရိုဂရမ်အကြီးကြီးလုပ်ပြီး
စီးပွားရေးလုံးဝ(လုံးဝ) မပါတဲ့ အလှူအကြီးကြီး လုပ်ဖို့ရှိတယ်,,,
အမေစု နဲ့တောင် ဖွင့်ပြောတိုင်ပင်ပြီးပြီ,,,
ပညာရှင်တွေနဲ့လဲ တိုင်ပင်စီစဉ်နေတယ်,,
ရုပ်သံတစ်ခုနဲ့လဲ ဆွေးနွေးပြင်ဆင်နေတယ်,,
ဒါပေမယ့် Facebook မတင်သေးဘူး,,
ဘာလို့လဲဆိုတော့ မလိုအပ်သေးဘူးထင်လို့,,

အဲဒီတော့ အောက်က စကင်ရှော့ ရိုက်ထားတဲ့ ပေ့ခ်ျက
အတုလားအစစ်လား စဉ်စားပေါ့လေ,,

ကျနော့်ရဲ့ ဒီပေ့ခ်ျက
ကံစမ်းမဲမပါဘူး, မဲလဲဖောက်မပေးဘူး
ဘာလို့လဲဆိုတော့ အခုဒီအကောင့်က
အစစ်မို့လို့ပါ,,

လိုရင်းကိုပြောရရင်
ဒီအောက်က ပေ့ခ်ျကအတုကြီးပါ
ဖော်လိုဝါများလာရင် နာမည်ပြောင်းပြီး
စီးပွားရေးလုပ်ရင်လုပ် , ဒါမှမဟုတ် ကျုပ်တို့ကို မဟုတ်တာတွေလုပ်ပြီး သိက္ခာချမှာပေါ့,,
ဒီတော့ အဆင်ပြေမယ်ဆိုရင်
report လေးထုပေးပေါ့,,
Share တဲ့လူကလဲ နှစ်သောင်းတောင်ကျော်တယ်,,,

ဖီလင် - အားအားယားယား လက်ဖြန့်တောင်းတဲ့ စောက်ကျင့်တွေကို တွန်းလှန်ကြပါစို့,,

(ကျနော်တို့ လင်မယားနှစ်ယောက်က
အခုဒီအကောင့်နှစ်ခုဘဲ ရှိပါတယ် ,,,,,)

Crd - Htwe Lynn Ko

No comments:

Post a Comment