''အမှန်တကယ် သာ ဆိုရင် သံချောင်း ကို နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်ပေးလိုက်လို့ တိုင်းပြည် အကျိုးတကယ်ရှိတာပါဆိုရင် သူတို့ ကိုယ်ကျိုး လုံးဝ မပါတာသေချာပါတယ်လို့ သူတို့ ကျိန်တွယ်ရဲရင် ကျွန်မ မကန့်ကွက်ပါဘူး။''
မြောက်ပိုင်းပါဂျောင်လူသတ်မှု တွင် အသတ်ခံလိုက်ရသည့် ဦးမောင်စိန်(ခ)ဦးစိန် ၏ သမီး ဖြစ်သူ ဆရာမဒေါ်စမ်းစမ်းအေး နှင့် ဆက်သွယ်မေးမြန်းခြင်း
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ၁၉၉၂ ခုနှစ် က ပြည်ထောင်စုနေ့ တွင် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း စစ်ထောက်လှမ်းရေးသူလျို ဟု စွတ်စွဲပြီး လူမဆန်စွာညှဉ်းပန်းနှိပ်စက်သတ်ဖြတ် မှုများ ဖြစ်ပွားခဲ့သည် မှာ ပါးစပ်ရာဝင်ဒဏ္ဍရီ တစ်ခု မဟုတ် ဘဲ အမှန်တကယ် ဖြစ်ပွားခဲ့သော သမိုင်းဆိုးပုံရိပ် တစ်ခု ဖြစ်သည်။
အဆိုပါသတ်ဖြတ်မှု တွင် ကျောင်းသားရဲဘော် ၃၅ ဦး သေဆုံးခဲ့ရ ပြီး ၇၀ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ ယင်း သတ်ဖြတ်မှု တွင် အဓိကပါဝင်ခဲ့သူ သံချောင်း(ခ)မြင့်ဖိုး(ခေါ်)စပ်ခွန်ကျော် မှာ ၂၀၁၈ခုနှစ် ဧပြီ ၁၇ရက် က ပေး သည့် နိုင်ငံတော်သမ္မတ ၏ ပစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျည်းသား အဖြစ်ပါဝင်ပြီး လွတ်မြောက်ခဲ့သည်။ သံချောင်း ကို နိုင်ကျည်း အဖြစ်သတ်မှတ်ပြီး လွတ်ပေးခဲ့ခြင်း နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဦးမောင်စိန် ၏ သမီး ဖြစ်သူ ဆရာမစမ်းစမ်းအေး မှာ မြောက်ပိုင်းပါချောင်လူသတ်မှု နှင့် ပတ်သက်ပြီး သံချောင်း ကို လူသတ်မှုဖြင့် တရားလိုလုပ် ကာ တရားစွဲ ထား သူလည်း ဖြစ်သလို သံချောင်း ကို နိုင်ကျည်း အဖြစ်မသတ်မှတ်ဖို့ ယခင် ကတည်းကန့် ကွက်ထားသူ လည်း ဖြစ်ကြောင်း သိရသည်။
ဆရာမစမ်းစမ်းအေး အား ဆက်သွယ်မေးမြန်းထားသမျှ စာဖတ်ပရိသတ် အတွက် ဖော်ပြပေးလိုက် ရ
ပါသည်။

ဖြေ-ဟုတ်ကဲ့ ပါ မှတ်ပုံတင် အမည်က စမ်းသမ်းအေးပါ။ ကျွန်မ နေတဲ့နေရာ မှာ ဆရာမ အနေ နဲ့ ငယ်အမည် စိမ်းစိမ်း ဆိုမှ အားလုံးသိကြတယ် မှတ်ပုံတင် အမည်က လူသိပ်မသိပါ။
မေး-ဦးမောင်စိန် ညုင်းပန်းနှိပ်ဆက်သတ်ဖြတ်ခံရမှု ကို ဆရာမ တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာ ဘယ်မြို့ နယ်ရဲစခန်း မှာလည်း ခင်ဗျာ့။
ဖြေ-တင်တာတော့ မြောက်ဥက္ကလာ မှာပါ။ကိုမျိုးမြင့်ရေ မေမေ နေမကောင်းဖြစ်ပြီ နောက် မေမေ ဆုံးသွားပြီ နောက်ကတည်းက ဒီကိစ္စ ကို အကြောင်းအမျိုးမျိုးထောက်ပြီး ကျွန်မ ဝင်မပြောဖြစ်ခဲ့တာကြာပါပြီ။
မေ-သမ္မတသစ်ဦးဝင်းမြင့် ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မှာ နိုင်ငံးရေးအကျည်းသား ပါဝင်မှု နည်းသလို ပါဝင်တဲ့ နိုင်ငံရေးအကျည်းသား ထဲမှာ လည်း အငြင်းပွားစရာ တွေ ဖြစ်နေတာ နဲ့ ပတ်သက်
ပြီး ဆရာမ ရဲ့ သဘောထားအမြင် ကို ပြောပြပေးပါခင်ဗျာ့။
ဖြေ-ကိုမျိုးမြင့်ရေ လောလောဆယ် သဘောထားအမြင် မပြောခင် သူတို့ကို တရားစွဲ ခဲ့တုန်း က သူတို့ကို တရားစွဲ လို့တဲ့ နိုင်ငံရေး သမားတွေထဲက တချို့ က ကျွန်မတို့ အိမ်နားမှာနေတဲ့ ဖေဖေ့ သူငယ်ချင်း အရင်းကြီး ကတောင် ကျွန်မ ကိုတွေ့တိုင်း ပြောတယ်။ သူများဝမ်းသာအောင် လုပ်တယ် နောက်ကွယ် မှာ လှောင်စရာ ဖြစ်နေတယ် ဆိုပြီး တွေ့တိုင်း ပြောကြတယ်။ ကျွန်မ ရှင်းပြ လို့ လဲ မရဘူး။ အခု နောက်ပိုင်းတော့ ရှင်းမနေဘူး။ အခု သံချောင်းကို လွှတ် လိုက်ပြီ။ သူတို့ နိုင်ကျဉ်း က စာရင်း မသွင်းပဲ နဲ့ သံချောင်း ဘယ်လို နိုင်ကျဉ်း ဖြစ်လာမလဲ။ သူတို့ ဘယ်လို တာဝန်ယူ မလဲ ။ သိချင်တယ်။ ဒါ က ကျွန်မ ကြုံခဲ့တာ ကိုပြောတာပါ။ အစက AAPP က သံချောင်း ကို နိုင်ကျဉ်း လို့ သတ်မှတ် တာ ကိုလည်း ကျွန်မတို့ ကန့်ကွက် ထားပါတယ်။ သံချောင်းတို့ အဖွဲ့ လုပ်ခဲ့တာက လူတွေကို နှိမ့်စက် ညှင်းပန်း သတ်ဖြတ်ခဲ့ ယုံတင်မဟုတ်ပါဘူး မတရားစွတ်ဆွဲ မှုတွေပါလုပ်ခဲ့တာပါ။ နောက် ကျွန်မ အဖေ က ခဏတဖြုတ် နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျောင်းဘဝ ထဲ က နိုင်ငံရေး လုပ်ခဲ့တာပါ။ကျွန်မ အဖေ က ၁၉၇၄ခုနှစ်တုန်းက မှိုင်းရာပြည့် ဦးသန့် မီးမောင် စာဆောင် အမှုတွေ နဲ့ ပြည်တွင်းမှာ စစ်ကြောရေး ဝင်ပြီး ထောင်ကျ ခံခဲ့ ရဖူးတယ်။ အဲ့ဒီ တုံန်းက ဆုံးတာ မဟုတ်ပါဘူး။ AB မြောက်ပိုင်း တောတွင်း စစ်ကြောရေး မှာ ၁၉၉၁ သြဂုတ် လ ၂၁ရက် မှာမှ သေဆုံးခဲ့တာပါ။
ဖေဖေ့ မိတ်ဆွေ တွေ အခု လက်ရှိနိုင်ငံရေး အဖွဲ့ အစည်းတွေ ထဲမှာလည်းရှိပါတယ်။ AAPP မှာလည်း ရှိအုံးမှာပါ။ ဒါကို ဖေဖေ
တို့် တစ်တွေ သမိုင်းသေအောင် အနှိပ်စက် ခံပြီး အသက်သေအောင် လုပ်ခဲ့ တဲ့ သံချောင်း ကို နိုင်ကျဉ်း ထဲ ထည့်သတ်မှတ်တာ ဖေဖေ့ ကို စော်ကားတာ သူတို့ တွေ နိုင်ငံရေး အရ သစ္စာ ဖောက်တာပါ။ ကျွန်မ အဖေ လည်း ပြောရရင် လူ မရှိတော့ပေမဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း ပါပဲ။
မေး- ဟုတ်ကဲ့ပါဆရာမ မြောက်ပိုင်းလူသတ်မှုကြီး နဲ့ ပတ်သက်ပြီး သံချောင်း တစ်ယောက်တည်း အဖမ်းခံခဲ့ရတာလား ခင်ဗျာ့။
ဖြေ-သံချောင်း ရဲ့ အခု သေဒဏ် တွေက မြောက်ပိုင်း အတွက် မပါသေးပါဘူး။ ဦးလွှမ်းမိုး (AB မြောက်ကိုပိုင်းက)ကို သူသတ်တာပါတယ်။ အဲဒီ အမှု့နဲ့ ရဲ ၃ ယောက်ကိုသတ်မှု့ငွေစက္ကူ အတု အတွက်ရယ် မူးယစ်ဆေးလက်နက်မှုတွေ နဲ့ သေဒဏ် ၄ ကြိမ်ကျ ခဲ့တာပါ။ သံချောင်းနဲ့ အတူ အဓိက ကျူးလွန်သူတွေ ထဲမှာ မျိုးဝင်း ကတော့ သေပြီ ရော်နယ်အောင်နိုင်က ချင်းမိုင် မှာ သူ့အပြစ် ကို ဝန်မခံ ပဲ ဆင်ဝှေ့ ရန်ရှောင် စကားပြောတုန်း ကျန်သူတွေ က အခု လက်ရှိ AB မြောက်ပိုင်းအဖွဲ့ မှာ ဗဟို ကော်မတီ ဝင်တွေ ဖြစ် သူတို့က ငြိမ်းချမ်းရေး မယူသေးဘူး။
မေး-မြောက်ပိုင်းလူသတ်ပွဲ မှာ ညုင်းပန်းနှိဆက်သတ်ဖြတ်ဖို့ အမိန့် ပေးခဲ့တာ ဒေါက်တာနိုင်အောင် ဆိုပြီး ပြောနေကြတာတွေလည်း ရှိတယ် ဆရာမ ကော ဘာသိထားသေးလည်း။
ဖြေ-ဒေါက်တာနိုင်အောင် ကလည်း တာဝန်ရှိသူတွေ ထဲ ပါပါတယ်။ ဒေါက်တာနိုင်အောင် မြန်မာပြည် ပြန်လာတော့ လည်း သူ့လက်ဝေခံ နိုင်ငံရေး သမားတွေ က ကြိုခဲ့ကြတာပါပဲ။ လူတွေမှာ အဓိက ဆုံးဖြတ်ကြတာ သမိုင်းမှန်မဟုတ်ဘူး ထောက်ပံငွေ ဒေါ်လာပါပဲ။
မေး-မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျည်းသားမူဝါဒ(Policy)ကို ဆရာမ အနေ နဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျာ။
ဖြေ-ဟုတ်ကဲ့ သူတို့ရဲ့ သံချောင်း ကို နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်လိုက်ခြင်း က တခြားတခြားသော လွန်ခဲ့ သော နှစ် ၆၀ ကျော်အတွင်း တိုင်းပြည်အတွက် အမျိုးမျိုးသော ဒုက္ခ အခက်အခဲ ပေါင်းများစွာ ကို ရင်ဆိုင်ပြီး အကျဉ်းကျခံခဲ့ ရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို စော်ကားလိုက်သလိုပါပဲ။ နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးလိုက်သလိုပါပဲ။ ကျွန်မတို့ တိုင်းပြည်မှာ လူမသိ သူမသိ နဲ့ ဒုက္ခ မျိုးစုံ ခံ ပြီး နိုင်ငံရေး တက်ကြွ စွာ လုပ်ဆောင်ခဲ့ရတဲ့ နိုင်ငံရေး သမားတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးကို သံချောင်းလို လူ နဲ့ တတန်းတစားထဲ သတ်မှတ် လိုက် တာ ကတော့ တော်တော် မခံချင်စရာ ပါပဲ။ သူတို့ ပြောသလို တကယ် အမျိုးသား ရင်ကြားစေ့ရေး အကျိုးအတွက် ပဲ ရိုးသားစွာ လုပ်တာလားဆိုတာ မေးခွန်း ထုတ်စရာပါပဲ။ အမှန်တကယ် သာ ဆိုရင် သံချောင်း ကို နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်ပေးလိုက်လို့ တိုင်းပြည် အကျိုးတကယ်ရှိတာပါဆိုရင် သူတို့ ကိုယ်ကျိုး လုံးဝ မပါတာသေချာပါတယ်လို့ သူတို့ ကျိန်တွယ်ရဲရင် ကျွန်မ မကန့်ကွက်ပါဘူး။
မေး- နောက်ပြီး မြောက်ပိုင်းပါဂျောင်လူသတ်ပွဲ မှာ စစ်ထောက်လှမ်းရေး လို့ စွတ်စွဲခံရပြီး ရက်ရက်စက်စက်ညုင်းပန်းသတ်ဖြတ်မှုကြောင့် အသက်ပေးသွားခဲ့ရ တဲ့ ဆရာမ ရဲ့ ဖခင် အပါအဝင် အခြာသော ရဲဘော်တွေ အတွက် ဆရာမ တစ်ခုခု ပြောပေးပါအုံးခင်ဗျာ့။
ဖြေ-ဟုတ်ကဲ့ အခုချိန်ထိ ကျွန်မဘက်က သမီးတစ်ယောက် အနေ နဲ့ ဖေဖေ့ နောက်ဆုံး ချိန်မှာ ခန္ဓာကိုယ် နာကျင်မှု တွေ ကို ပြေလျော့အောင် လုပ်ပေးလို့မရနိုင်ခဲ့တာကော ဖေဖေ့ စိတ်ထဲ မှာ ဖြစ်နေမဲ့ ခံပြင်း မှုတွေ အတွက်ကော တာဝန် မကျေသေးတဲ့ အတွက် တောင်းပန်ချင်ပါတယ်။ တချို့တချို့သော သူတွေ ကို ပြောချင်ပါတယ်။ ကျွန်မ ဖေဖေ ဟာ သူ့ဘဝ ကို သူယုံကြည်ရာ လမ်းကြောင်းပေါ် ဆင်းရဲ ဒုက္ခ မျိုးစုံကြားက နောက်ဆုံး ထွက်သက် အထိမြုပ်နှံထားခဲ့တဲ့သူပါ။ ကျွန်မ တို့အတွက် ဂုဏ်ယူစရာ ဖခင်တစ်ယောက်ပါ။ ဖေဖေ ကို မတရားစွပ်စွဲ ပြီး သေအောင် လုပ်ခဲ့ တဲ့ သူကို နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်ထားတာက ဖေဖေ နဲ့ တကွ အခြားသူ အားလုံးကို မထီမဲ့မြင် ပြုသလိုပါပဲ။ ကျွန်မ သိပါတယ် အခုလို ကျွန်မ AAPP ကို ကန်ကွက်တာ ကို လည်း တချို့ က အပြစ်တင်ကြအုံးမယ်ဆိုတာ။ ကျွန်မ စကားတွေ ကြောင့် ဖေဖေ့ ကို ထိခိုက်မှာ တော့ စိုးရိမ်မိပါတယ်။
ကျနော် ရဲ့ မေးမြန်းသမျှ ကို စိတ်ရှည်လက်ရှည်ဖြေဆိုပေးတဲ့ ဆရာမ ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဦးမောင်စိန် ၏ သမီး ဖြစ်သူ ဆရာမစမ်းစမ်းအေး ၏ ကန့် ကွက်မှု ကို AAPP အဖွဲ့ တာဝန်ရှိ့သူ ဦးတိတ်နိုင် က တော့ ၄င်း ရဲ့ လူမှုကွန်ယက်ရက်စာမျက် နှာမှာ ယခု လို့ တုန့် ပြန်ရှင်းလင်းခဲ့ပါသည်။
ကိုတိတ်နိုင် တုန့် ပြန်ရှင်းချက်အပြည့်အစုံ ကို စာဖတ်သူတို့ အတွက် တစ်ပတည်းဖော်ပြပေးလိုက်ပါသည်။
ကိုတိတ်နိုင်-ဒီကနေ့ အကျဉ်းသား ၈၄၉၀ ဦး လွတ်မြောက်လာပါတယ်။ ကာယကံရှင်တွေအတွက်ရော၊ သူတို့ရဲ့ မိသားစုတွေအတွက်ပါ ထပ်တူကြည်နူး ဝမ်းမြောက်ရပါတယ်။ ကိုယ်တိုင် အကျဉ်းသားဖြစ်ခဲ့တဲ့အတွက် ကိုယ်ချင်းစာတတ်တာလည်း ပါမှာပါ။
လွတ်မြောက်လာသူတွေထဲမှာ ABSDF(NB) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ကိုသံချောင်းလည်း တယောက်အပါအဝင်ပါ။ အေအေပီပီက သတ်မှတ်ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းထဲမှာ ကိုသံချောင်း(ခ) စဝ်ခွန်ကျော် အမည်လည်း ပါဝင်ခဲ့ပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသားစာရင်း ၅၄ ဦး (ယခင်လက ၄၄ ဦး) စာရင်းကို လွှတ်ပေးနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ဌာနများကို ပေးပို့ခဲ့ပါတယ်။
အေအေပီပီက ကိုသံချောင်းကို ဘာကြောင့်နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ထည့်ထားလည်းဆိုတာကို အချို့သော သူများက မကြေလည်တာတွေ တွေ့ရပါတယ်။ အေဘီ (မြောက်ပိုင်း) မှာ ထောက်လှမ်းရေးတွေ စိမ့်ဝင်နေတယ်ဆိုပြီး တပ်ဖွဲ့ဝင် ရာချီဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်၊ အချို့ကို သတ်ပစ်တဲ့အခြေအနေအထိ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကိုသံချောင်းက အဓိက တာဝန်ရှိသူဖြစ်တာကြောင့် အေအေပီပီက ဘာကြောင့် နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထည့်ထားသလဲဆိုတာကို မေးခွန်းတွေထုတ်ခဲ့တာတွေရှိခဲ့တာပါ။ ဒါဟာ အခုမှမဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ဒီမေးခွန်းတွေရှိလာခဲ့တာပါ။
အေအေပီပီဟာ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်ခဲ့တာ ၁၈ နှစ်ကျော်လာခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ရာမှာလည်း အသေအချာ စိစစ်ပြီးမှ သတ်မှတ်မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
ကိုသံချောင်းအဖမ်းခံရတာဟာ RCSS/SSA ရဲ့ တပ်မှုးတဦးအနေနဲ့ တိုက်ပွဲအတွင်းမှာ အဖမ်းခံရပြီး ဒီအမှုနဲ့ပဲ စွဲချက်တင် ထောင်ဒဏ်၊ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အေအေပီပီဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို နိုင်/ကျဉ်း အဖြစ်သတ်မှတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုတာဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။ အေအေပီပီ ပြုစုထားတဲ့ စာရင်ဇယားမှာလည်း ကိုသံချောင်းရဲ့ မိခင်အဖွဲ့အစည်းကို RCSS/SSA လို့ပဲ ထည့်သွင်းထားတာပါ။ RCSS/SSA ကလည်း သူတို့အဖွဲ့က တပ်မှုတဦးဖြစ်တယ်လို့ တရားဝင် သတ်မှတ်ပြောဆိုထားတာပါ။ ဒါကို တိုင်းရင်းသားအဖွဲ့အစည်းတခုက သူတို့ တပ်မှုးဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာ တာကို အေအေပီပီအနေနဲ့ ကန့်ကွက်ခွင့်မရှိပါဘူး။
ကိုသံချောင်းအနေနဲ့ အေဘီမြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေဟာ သီခြားစီဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ်မှာ အရေးယူခြင်း၊ မယူခြင်း၊ တရားစွဲဆိုခြင်း၊ မဆိုခြင်း ဆိုတာက ပါဝင်ပတ်သက်တဲ့သူများနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
အေအေပီပီအနေနဲ့ မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမဆို ဆန့်ကျင် ကန့်ကွက်သွားမှာဖြစ်ပါတယ်။
ပြီးပါပြီ။
အလွတ်တန်းဂျာနယ်လစ်
မျိုးမြင့်
No comments:
Post a Comment