Latest News

Friday, April 20, 2018

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှလိုက်နာရမည်ဝန်ထမ်းဥပဒေပျက်ကွက်ခဲ့သော တိုင်းညွန်မှူးတစ်ဦးအား ရာထူးလျှော့နယ်ပြောင်း အရေးယူမှုပြုလုပ်

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှလိုက်နာရမည်ဝန်ထမ်းဥပဒေပျက်ကွက်ခဲ့သော တိုင်းညွန်မှူးတစ်ဦးအား ရာထူးလျှော့နယ်ပြောင်း အရေးယူမှုပြုလုပ်

ပုသိမ်၊ ဧပြီ ၂၀ ရက်

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ  ပထမဆုံးအကြိမ်အရေးယူမှုအဖြစ် တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင် အား နိုင်ငံဝန်ထမ်းဥပဒေဖြင့် ရာထူးတဆင့်ချကာ အရေးယူမှု ပြုလုပ်ခဲ့ကြာင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး အောင်မင်းနိုင်မှာ နိုင်ငံဝန်ထမ်းများလိုက်နာရမည့် ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် ညွှန်ကြားရေးမှုးရာထူးမှ တဆင့်လျှော့ကာ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဖျာပုံမြို့သို့ ပြောင်းရွှေ့ရန် ယမန်နေ့ (ဧပြီ ၁၉ရက်) ကပြုလုပ်သော ဧရာဝတီတိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့် မှ'' ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်တဲ့အတွက် စည်ပင်သာယာက တိုင်းအစိုးရအဖွဲ့လက်အောက်မှာရှိတဲ့ အတွက်မနေ့က အစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ချက် ချလိုက်တာ ရာထူးတဆင့်ချနဲ့ ဖျာပုံကို ပြောင်းမိန့်ထုတ်လိုက်တယ်'' ဟု  ပြောသည်။

ယခုကဲ့သို့ အရေးယူခံခြင်းနှင့် ပတ်သက်၍ မိမိအနေဖြင့်မည်သို့မျှ မပြောကြားလိုတော့ကြောင်း အစိုးရအဖွဲ့၏ ညွှန်ကြားစာအရ သာဖြစ်ကြောင်း အရေးယူခံရသည့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်က ပြောသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးကို ဝန်ထမ်းဥပဒေ အရ ပထမဆုံးအရေးယူမှုဖြစ်ပြီး ဧရာဝတီတိုင်းစည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူးအဖြစ် တိုင်းစည်ပင်အင်ဂျင်နီယာမှူး ဦးနိုင်လင်းမောင်အား ခတ္တတာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်းတိုင်းအစိုးရအဖွဲ့မှသိရှိရသည်။


သတင်း၊ဓာတ်ပုံ - တန်းခူ (တိုင်းဧရာ)

No comments:

Post a Comment