Latest News

Tuesday, April 3, 2018

တောင်ငူမြို့နယ် ချင်းကုန်းကျေးရွာနှင့် အနောက်ဇီကုန်းကျေးရွာအကြားလယ်ကွင်းအတွင်းသို့ F 7 တိုက် ခိုက်ရေးလေယာဉ်ပျက်ကျမှုဖြစ်ပွား

တောင်ငူမြို့နယ် ချင်းကုန်းကျေးရွာနှင့် အနောက်ဇီကုန်းကျေးရွာအကြားလယ်ကွင်းအတွင်းသို့ F 7 တိုက် ခိုက်ရေးလေယာဉ်ပျက်ကျမှုဖြစ်ပွား

တောင်ငူ မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ေးတာင်ငူမြို့နယ်၊ ကျွန်းကုန်းကျေရွာအုပ်စု၊ ချင်းကုန်းကျေးရွာနှင့် အနောက် ဇီးကုန်းကျေးရွာအကြားလယ်ကွင်းအတွင်းသို့ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ပျံသန်းထွက် ခွာလာသောF 7 တိုက်လေယာဉ်တစ်စီး မတ် ၃ ရက်နေ့ နံနက် ၁ဝ နာရီ ၅ဝ မိနစ်အချိန်ခန့်ကပျက်ကျ ခဲ့ကြောင်းသိရသည်။တောင်ငူလေတပ်စခန်းမှ  ပျံသန်းးလာသော ဗိုလ်မှူး အာကာဝင်း မောင်းနှင်သည့် F 7 No .1648 တိုက်လေယာဉ်သည် ပျံသန်းနေစဉ်အတွင် အရှေ့ဇီးကုန်းကျေးရွာပေါ်အရောက် စက်ချို့ယွင်းပြီး ပေါက်ကွဲသံကြီးတစ်ခုကြားရပြီးနောက် အရှေ့ဇီးကုန်းကျေးရွာနေ ဒေါ်ြ<ွကယ် နေအိမ်ခေါင်မိုးကိုရှပ်ထိ ပြီး မီးပွားများလွှင့်စင်ကာ မီးအနဲငယ်လောင်ကျွမ်းခဲ့ပြီးနောက် ကန်တိုရေလှောင်ကန်းအနီး ကွင်းအမှတ် ၅၉ဝ တောင်သူ ဦးမျိုး ၊ ချင်းကုန်းကျေးရွာနေသူပိုင်ဆိုင်သည့် လယ်ကွင်းထဲသို့ထိုးကျသွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။''ကျွန်တော် အိမ်မှာနေတုန်း ဝုန်းဆိုတဲ့အသံကြီးကြားလိုက်ရတာ အပြင်ထွက်ကြည့် လိုက်တော့ လေယာဉ်တစ်စီး အရှေ့ဇီးကုန်းရွာပေါ်ကနေ အနောက်ဘက်ကိုထိုးကျသွားတာမြင်လိုက်ရ တာ ကျွန်တော်တို့ ရွာသားတွေပြေးကြတယ် ကျွန်တော်တို့ရောက်တဲ့အချိန်မှာ လေယာဉ်ကမီးလောင်နေပြီ အပိုင်းပိုင်း တွေဖြစ်ကုန်တယ် လေယာဉ်မှူးကိုကျွန်တော်တို့ ဝိုင်းပြီးဆွဲထုတ်ပေးခဲ့ပါတယ် ကျွန်တော်တို့ အမြင်ပြောရရင် လေယာဉ်က ဇီးကုန်းရွာထဲကိုပျက်ကျဖို့ပဲ ဒါပေမဲ့ လေယာဉ်မှူး က ရွာထဲပျက်ကျမှာစိုး လို့ အသက်နဲ့ရင်းပြီး လွှတ်တဲ့နေရာကို ထိန်းပြီးဆွဲချသွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ''ဟု ချင်းကုန်းကျေးရွာ ဦးမျိုး ကပြောကြားသည်။ပျက်ကျသွားခဲ့သော လေယာဉ်သည် အစိပ်အပိုင်များပြန့်ကျဲလျက်ရှိတွေ့ရှိရပြီမောင်းနှင်လာသည့် လေယာဉ်မှူး  ဗိုလ်မှူး အာကာဝင်း အား ချင်းကုန်းကျေးရွာဒေသံခံရွာသူရွာသား များ၊ ကျွန်းကုန်းကျေးရွာ မေတ္တာရှင် ပရဟိတအဖွဲ့တို့မှ မဆရ(၃)တပ်မတော်ဆေးရုံသို့အရေးပေါ်ကူညီပို့ ဆောင်စဉ် လမ်း၌ရရှိသော ဒါဏ်ရာ များဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင် ပေးသူ မေတ္တာရှင်ပရဟိတအဖွဲ့မှ ကိုမိုးကျော် ကပြောကြားသည်။လေယာဉ်ပျက်ကျရာနေရာသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ/ စစ်သည်များ၊ တောင်ငူလေတပ်စခန်းဌာနချုပ် မှ တာဝန်ရှိသူများ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းထွန်း နှင့်တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များလာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

ကိုလွင်(ဆွာ)၊ သူရ(တောင် ငူ)

No comments:

Post a Comment