Latest News

Tuesday, April 3, 2018

ပုသိမ်မြို့တွင် မြေသယ်ယာဉ်တစ်စီး မြေချနေစဉ် တိမ်းမှောက်၍ အမျိုးသား တစ်ဦးသေဆုံး

ပုသိမ်မြို့တွင် မြေသယ်ယာဉ်တစ်စီး မြေချနေစဉ် တိမ်းမှောက်၍ အမျိုးသား တစ်ဦးသေဆုံး

တန်ခူး(တိုင်းဧရာ)ပုသိမ်၊ ဧပြီ ၃ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက မြေသယ်ယာဉ်တစ်စီး မြေလာချစဉ် မြေပြို၍ အမျိုးသားတစ်ဦးပေါ်ပိခဲ့ပြီး အသက် ၅၈ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ - မြင်းကကွင်းမြို့နယ်၊ ဥတိုကျေးရွာတွင် နေထိုင်သော အသက် ၅၈ နှစ်အရွယ်ရှိ ဦးဝင်းဆွေမှာ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ တူမတော်စပ်သူ၏ ခြံဝန်းအတွင်မြေဖို့်သည့်ကိစ္စများ လိုက်ပါကူညီဆောင်ရွက်ပေးစဉ် မြေလာချသည့်ယာဉ်မှ မြေပြိုပြီး ၎င်းအပေါ်ပိခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သူ မနောဖြူပရဟိတအဖွဲ့မှ ကိုအောင်ထက်ပိုင်မှ "ကျနော်တို့ ရောက်တော့ ဆုံးနေပါပြီ၊ ပုသိမ်ကတော့ မဟုတ်ဘူး၊ မြင်းကကွင်း မြို့နယ်၊ ဥတိုကျေးရွာဘက်ကပါ၊ အသက်ကတော့ ၅၈ ပါ၊ မြေကြီး ချတဲ့အချိန် မြေပြိုကျပြီး ပိမိပြီးသေဆုံးတာပါ"ဟု ဧရာဝတီတိုင်းမ် သတင်းဌာနသို့ဖြေကြားခဲ့သည်။

သေဆုံးသူ၏ ရုပ်ခံန္ဓာအလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မနောဖြူပရဟိတအသင်းတို့ပူးပေါင်းပို့ဆောင်ပေးခဲ့ပြီး ဦးဝင်းဆွေ သေဆုံးမှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ စိုးဟန်ဝင်းအား ပုသိမ်မြို့မရဲစခန်းမှ (ပ)၁၆၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ (က)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

သတင်း - တန်ခူး(တိုင်းဧရာ)
ဓာတ်ပုံ - အောင်ထက်ပိုင်(ပုသိမ်)


No comments:

Post a Comment