Latest News

Tuesday, April 3, 2018

တာချီလိတ်၌ ထိုင်းနိုင်ငံသားကိုးဦးနှင့် လာအိုနိုင်ငံသူတစ်ဦးတို့အား တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူဆောင်ရွက်

တာချီလိတ်၌ ထိုင်းနိုင်ငံသားကိုးဦးနှင့် လာအိုနိုင်ငံသူတစ်ဦးတို့အား
 တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူဆောင်ရွက်

တာချီလိတ် ဧပြီ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၌ ထိုင်းနိုင်ငံသား ကိုးဦးနှင့် လာအိုနိုင်ငံသူ တစ်ဦးတို့ကို တရားမဝင် ဝင်ရောက်မှုဖြင့် မတ် ၂ ရက်က အရေးယူခဲ့သည်။

ဧပြီ ၁ ရက်  နံနက်  ၈ နာရီ ၁ဝ မိနစ်တွင် တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ် ကျော်မိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ် တပ်ဖွဲ့စု  ၃ဝ  တာချီလိတ်မှ  ရဲအုပ် အောင်သူမိုးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်း အမှတ်(ဝကခ/၂၆၅)ရှိ အခန်းငှား        နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေစဉ် နေအိမ်ခန်းများ အတွင်း တရားမဝင်နေထိုင်လျက်ရှိသော ချာချိုင်းကျူတောင်း(၁၉ နှစ်)(မူးယစ်) ပထုံဌာနီခရိုင် ထိုင်းနိုင်ငံသား၊ ထာနင်း ဝိစေ (ခ) ဖွန်း (၂၉ နှစ်)  (မူးယစ်)နခွန်နယုတ်ခရိုင်  ထိုင်းနိုင်ငံသား၊ ကင်း စက်ဖွန်းစင် (၂၅ နှစ်) (မူးယစ်)နခွန် နယုတ်ခရိုင် ထိုင်းနိုင်ငံသားသုံးဦးတို့အား မူးယစ်ဆေးဝါးများဖြင့် လည်းကောင်း၊Mr.Sue (၂၂ နှစ်) ဗန်ကောက်မြို့ ထိုင်းနိုင်ငံ၊Mr.Wep Lapom (၃၁ နှစ်) ရုံ ထိပ်မဟာနခွန်မြို့ ထိုင်းနိုင်ငံသား၊Mr.Akachai  (၃ဝ နှစ်) ပထွန်ထာနီမြို့ ထိုင်းနိုင်ငံသား၊Mr.Wo Lanat Phat (၂၉ နှစ်) နခွန်လမြို့ ထိုင်းနိုင်ငံသား၊Mr.Pha Dac (၄ဝ နှစ်) ဗန်ကောက်မြို့ ထိုင်းနိုင်ငံသား၊Mis.Kamanthip (၂၄ နှစ်) အုန်းခလားမြို့ ထိုင်းနိုင်ငံသူ၊Mis.San(၂၈ နှစ်) ဆူဝမ်ဆအာ ရပ်ကွက် ကိုင်ဆော်မြို့  လာအိုနိုင်ငံသူတို့ အား တွေ့ရှိသဖြင့်  ဒုလဝကမှူး ဦးမျိုးနိုင် နှင့်အဖွဲ့မှ စစ်ဆေးမေးမြန်းရာ ၄င်းတို့ သည် လွန်ခဲ့သော နှစ်ပတ်ခန့်က ထိုင်း နိုင်ငံ  မယ်ဆိုင်မြို့ မယ်ဆိုင်ရေချောင်း အားဖြတ်ကာ တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်အနီးရှိ  ရေချောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဖြတ်သန်း ခွင့်   လက်မှတ်တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုမှ  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်စုံ တစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက် လာသည့်  ထိုင်းနိုင်ငံသား  ကိုးဦးနှင့် လာအိုနိုင်ငံသူ တစ်ဦးတို့အား တာချီ လိတ်မြို့မရဲစခန်းက (ပ)၉၇/၁၈၊ ၁၉၄၇ ခုနှစ်၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/ ၁၃(၅)ဖြင့်  အမှုဖွင့် အရေးယူဆောင် ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် မြန်မာနိုင်ငံသား မောင်ဝှာ လေး (၂၅ နှစ်)လိုင်းခန်းငှားတာဝန်ခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြင့်မိုရ် (တာချီလိတ်)

No comments:

Post a Comment