Latest News

Monday, April 9, 2018

ခရီးသည်တင်Expressယာဉ်နှင့်ပိတောင်သစ်တင်ယာဉ်တိုက်မိရာမှနှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

ခရီးသည်တင်Expressယာဉ်နှင့်ပိတောင်သစ်တင်ယာဉ်တိုက်မိရာမှနှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

အုတ်တွင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး  တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင်တွင် ဧပြီလ ၉ ရက်နေ့နံနက် ၁ နာရီခွဲအချိန်ခန့်ကခရီးသည်တင်ယာဉ်နှင့်သစ်တင်ယာဉ်တစ်စီးတိုက်မိရာမှလူသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာအမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၂၃/၆ နှင့် ၁၂၃/၇ အကြားတွင်နေပြည်တော်ဘက်မှရန်ကုန်သို့ယာဉ်မောင်းဝေယံထက် ၂၇ နှစ် တန့်ဆည်မြို့ နေသူမောင်းနှင်းလာသောယာဉ်အမှတ် 5L/----- အောင်ရတနာ Express ဖြူပြာကြားရောင် မော်တေယ်ယာဉ်မှာ မောင်းနှင်းနေစဉ်အရှိန်မထိန်းနိုင်ဘဲရှေ့မှမောင်းနှင်းနေသော ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်းလာသော ပိတောက်သစ်များတင်ဆောင်လာသောယာဉ်အမှတ် 7E/----- FUSO ၁၂ဘီး ဖြူပြာစိမ်းကြားရောင် ယာဉ်၏နောက်ပိုင်းဝင်ရောက်တိုက်မိခဲ့ပြီးယာဉ်နှစ်စီးလုံးမြေသားလမ်းမပေါ်ရောက်ရှိခဲ့သည်။

ဖြစ်စဉ်ကြောင့်FUSOယာဉ်မောင်စမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး  EXPRESSယာဉ်ပေါ်ရှိသူခရီးသည်ယာဉ်မောင်းပါသံဃာ ၁ ပါး  ကျား ၁၆ ဦး မ ၁၁ ဦးအနက်  စုစုပေါင်း ၂၈ ဦးအနက်  သံဃာတစ်ပါး ယာဉ်နောက်လိုက်တစ်ဦးမှာထိခိုက်ပြင်းထန်ဒဏ်ရာများရရှိကာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင်  ကျား ၇ ဦး မ ၄ ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်ဖြူးမြို့နယ်ဆေးရုံသို့တင်ပို့ဆေးကုသခဲ့သည်။

ဖြစ်စဉ်ကြောင့်ယာဉ်နှစ်စီးလုံးထိခိုက်ပျက်စီးခဲ့ရပြီးဖြစ်စဉ်အားဗောဓိကငန်းအမြန်လမ်းမကြီးရဲစခန်းမှ သစ်များအားမြို့နယ်သစ်တောဦးစီးဌာနသို့အပ်နှံကာ ယာဉ်အားမဆင်မခြင်မောင်းနှင် ပေါ့လျှော့စွာ မောင်းနှင်သူExpressယာဉ်မောင်းနှင့် FUSOယာဉ်မောင်း(စုံစမ်းဆဲ)တို့အားအမှူဖွင့်အရေးယူကာစုံစမ်းစစ်ဆေးလျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment