Latest News

Monday, April 9, 2018

မန္တလေးမြို့တွင် မြန်မာ့ရိုးရာရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပရန် အထိမ်းအမှတ် မုခ်ဦး စတင်စိုက်ထူ

မန္တလေးမြို့တွင် မြန်မာ့ရိုးရာရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပရန် အထိမ်းအမှတ် မုခ်ဦး စတင်စိုက်ထူ

မန္တလေး မတ် ၉

ယခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်ကျင်းပမည့်အစီအစဉ်တွင် ပါဝင်သည့် လမ်းလျှောက်သင်္ကြန် ကျင်းပမည့် ကျုံးတောင်ဘက် ၂၆ လမ်းလမ်း ၆၆ လမ်းထိပ်တွင် မြန်မာ့ရိုးရာရေသဘင်ပွဲတော်စာတမ်းပါ အ၀င်မုခ်ဦးကို စတင်စိုက်ထူထားပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါမုခ်ဦးကို အမြင့် ၁၆ ပေ၊ အလယ်တိုင်အထူ ၈ ပေနှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ၄ပေအထူ တိုင်များ ဖြင့် ဆောက်လုပ်ထားပြီး မုခ်ဦးပေါက်အကျယ်မှာ တစ်ဖက်လျှင် ၃၂ ပေကျယ်ဝန်းကြောင်း သိရသည်။

“ဒီနှစ်အတွက် လမ်းလျှောက်သင်္ကြန်ရဲ့ မုခ်ဦးကို မန္တလေးမြို့ရဲ့ သင်္ကေတအဖြစ် နန်းမြို့ရိုးပုံစံကို အုတ်နီညို ရောင်သုတ်ထားပြီး သက်တန့်ရောင်စဉ်လေးတွေနဲ့ ချယ်မှုန်းထားပါတယ်။ သင်္ကြန်ရဲ့သင်္ကေတလေးလဲ ပါချင်တဲ့အတွက် သက်တန့်ရောင်စဉ်ပုံစံ ရေပေါက်ရေစက်လေးတွေ ထည့်သွင်းရေးဆွဲထားတယ်။”ဟု မုခ်ဦး ဒီဇိုင်းရေးဆွဲသူ ဒီဇိုင်းဦးမြင့်သန်းက ပြောသည်။

အဆိုပါ မုခ်ဦးကို ၂၆ လမ်း၊ ၇၈ လမ်းထိပ်တွင်လည်း စိုက်ထူသွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကျင်းပမည့် လမ်းတစ်လျှောက်တွင် လမ်းဖြတ်မီးလုံးများ ထွန်းညှိခြင်း၊ လမ်းဘေးဝဲယာရှိ သစ်ပင်များပေါ်၌ အလှမီးများ တပ်ဆင်ခြင်းတို့ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည်။

လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ကျုံးတောင်ဘက်ခြမ်းတွင် ၆၆လမ်းမှ ၇၈ လမ်းအတွင်း မန္တလေးမြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍုပ်၊ နန်းမြို့သူရေကစားမဏ္ဍုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးရေကစားမဏ္ဍုပ်များနှင့်အတူ ဒေသခံနှင့် တိုင်းရင်းသားများ ရေပက်ကစားနိုင်မည့် ရေကစားငယ်မဏ္ဍုပ် ၈၅ ခု၊ ပေ ၁၀၀ စတုဒိသာမဏ္ဍုပ် ၂ခုနှင့် ရေဆိုခံကာတွန်းပြပွဲများလည်း ပါဝင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment