Latest News

Monday, April 9, 2018

ယာဉ်တိုက်မှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွား


ဘားအံ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ ကော့ကသောင်ကျေးရွာအနီး ဧပြီလ ၈ ရက်နေ့ညနေပိုင်းက လမ်းချိုး
သို့ကွေ့ဝင်နေသည့် ယာဉ်အား ယာဉ်ကြောတစ်ခုတည်း မောင်းနှင်လာသည့်ဆိုင်ကယ်က နောက်မှဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
 

ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့်
ဘားအံ-အိန္ဒုလမ်းအတိုင်း အိန္ဒုကျေးရွာဘက်မှ ဘားအံဘက်သို့
ယာဉ်မောင်း ညီညီအောင်၊ ၂၇နှစ်၊ ကော့ကသောင်ကျေးရွာ၊ဘားအံ
မြို့နယ်နေသူမောင်းနှင်လာသော 7H------နံပါတ်တပ်၊ FORLAND အမျိုးအစား၊ အဝါရောင်ယာဉ်သည် ဘားအံ-အိန္ဒုလမ်း တံတားအမှတ် ၂/၇အနီး လမ်း၏ဝဲဘက်ယာဉ်ကြောရှိ ဟိန်းလှမိုးကျောက်ခွဲစက်အဝင်လမ်းသို့ ချိုးကွေ့စဉ် လားရာတူယာဉ်ကြောတစ်ခုတည်း နောက်မှ စောမုန်းလာ၊၂၃နှစ်၊အုန်းတပင်ကျေးရွာ၊ဘားအံမြို့နယ်နေသူမောင်းနှင်လာသည့် နံပါတ်မပါ HONDA TEN အမျိုးအစား ဆိုင်ကယ်မှ FORLAND အမျိုးအစားယာဉ်၏ ရှေ့ဘီးဝဲဘက်အဖုံးအား ဝင်ရောက်တိုက်မိသဖြင့် စောမုန်းလာတွင် ယာဒူးပေါက်ပြဲ၊ အရိုးထွက်၊ ယာခြေကျင်းဝတ်ပေါက်ပြဲ နဖူးထိပ်ဖူးရောင်၊
ယာမျက်လုံးအောက်ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ ရဲဆေးစာဖြင့် ဘားအံ
ဆေးရုံကြီးသို့ တင်ပို့၍ဆေးကုသမှု ခံယူနေစဉ် ညနေ ၇နာရီ ၄၅မိနစ်အချိန် စောမုန်းလာမှာ အခင်းဖြစ်စဉ်က ရရှိခဲ့သည့်ဒဏ်ရာများကြေင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒုနယ်မြေရဲစခန်းက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment