Latest News

Thursday, April 19, 2018

ကချင်ပြည်နယ်အတွင်း မြို့ဝင်ဘီးခွန်များကောက်ခံခြင်းမပြုရန် တားမြစ်

ကချင်ပြည်နယ်အတွင်း မြို့ဝင်ဘီးခွန်များကောက်ခံခြင်းမပြုရန် တားမြစ်

မြစ်ကြီးနား   ဧပြီ   ၁၉

ကချင်ပြည်နယ်အတွင်းရှိ  ဘီးခွန်ကောက်ခံသည့် ဂိတ်များကို    ယနေ့မှစ၍   မြို့ဝင်ဘီးခွန် ကောက်ခံခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် စစ်ဆေး ကြီးကြပ်တားမြစ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ  မြို့ဝင်ဘီးခွန်များ  ကောက်ခံခြင်း မပြုရန် အခြားမြို့များနည်းတူ ပြုလုပ်နေခြင်းဖြစ်ပြီး ခရီးသွားပြည်သူများနှင့် လုပ်ငန်းရှင်များ ဝန်ထုပ် ဝန်ပိုးမဖြစ်စေခြင်းတို့ကြောင့်  ကချင်တစ်ပြည်နယ် လုံးရှိ မြို့ဝင်ဘီးခွန်များကောက်ခံခြင်း ပြုလုပ်နေ သည်ကို တားမြစ်သွားရန်ရှိကြောင်း သိရသည်။

''ပြည်သူတွေ     ဝန်ထုပ်ဝန်ပိုး   ဖြစ်စေတဲ့ အတွက် ဖျက်သိမ်းရပ်ဆိုင်းဖို့၊ မကောက်ဖို့တော့ သေချာသလောက်ရှိနေပါပြီ၊ မြစ်ကြီးနားမြို့နယ်မှာ က ရှဒေါင်ဂိတ်ရယ်၊ ဗလမင်းထင်တံတားနားကဂိတ် ရယ်  နှစ်ဂိတ်ပဲ ရှိပါတယ်၊  ကချင်တစ်ပြည်နယ်လုံး ပါပါတယ်''ဟု    မြစ်ကြီးနားမြို့နယ်   စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။

၂ဝ၁၈ ခုနှစ် ပထမခြောက်လပတ်(ဧပြီလမှ စက်တင်ဘာလအထိ) မြို့ဝင်ဘီးခွန်ကောက်ခံခြင်း လေလံရရှိထားသည့် သက်ဆိုင်ရာလုပ်ငန်းရှင်များ ကိုလည်း  လုပ်ငန်းအာမခံငွေ ၁ဝ ရာခိုင်နှုန်းနှင့် လေလံအရစ်ကျ      ပေးသွင်းထားမှုများအပေါ် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြစ်ကြီးနားမြို့ဝင်ဘီးခွန်များ၏ တစ်နှစ်စာ လေလံကြေးအဖြစ် ဗလမင်းထင်မြို့ဝင်ဘီးခွန်ဂိတ်မှ ငွေကျပ်သိန်းပေါင်း ၁၄၄ဝ ရရှိပြီး ရှဒေါင်ဂိတ်မှ ငွေကျပ်သိန်းပေါင်း ၁၅၅ဝ  စုစုပေါင်း  သိန်း သုံးထောင်ခန့်ရရှိကြောင်း  စည်ပင်သာယာရေး အဖွဲ့၏  စာရင်းမှတ်တမ်းများအရသိရပြီး အဆိုပါ လေလံကြေးငွေများကို စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင်   ပါဝင်သည့်   လမ်း၊ တံတား ဆောက်လုပ်ရေး၊ ရေပေးဝေရေး၊ ရပ်ရွာသန့်ရှင်းသာယာလှပရေးများနှင့် လူထုအကျိုးပြုလုပ်ငန်း များတွင်  ပြန်လည်အသုံးပြုနေကြောင်း သိရသည်။

မင်းမင်းဦး

No comments:

Post a Comment