Thursday, April 19, 2018
၆ လ သ္မီးဘဝ ထဲက မွေးစားထားသူ ၅တန်းကျောင်းသူ ကို မွေးစားသူကအကြိမ်ကြိမ်မုဒိမ်းပြုကျင့် မှုဖြစ်ပွား
ပေါင် ဧပြီ၁၈
၆လသ္မီးဘဝထဲကမွေးစားထားသူ အသက်၁၁ နှစ် အရွယ် ၅တန်းကျောင်းသူအား မွေးစားထားသူမှ
အကြိမ်ကြိမ်မုဒိမ်းပြုကျင့်နေခဲ့ရာ ဧပြီ၁၈ရက်နေ့က ၇ ကြိမ်မြောက်ပြုကျင့်နေစဉ် မိန်းကလေး၏အဒေါ်ဖြစ်သူမှတွေ့သွားပြီးအမှုတိုင်တန်းခဲ့သည်။
ပေါင်မြို့နယ်အလှပ်ကျေးရွာ ခင်တန်းပိုင်း နေ ဒေါ်စိုးမာ နှင့် မင်းဦးတို့လင်မယားက မ*****အား ၆ လသမီးထဲကမွေးစားထားသည်ဆိုသည်။
၁၈ -၄ -၂၀၁၈ရက်နေ့မွန်းလွဲ၂နာရီအချိန်က အဆိုပါမိသားစုအိမ်သို့အလည်သွားခဲ့သော မချိုစန်းသည်
ထမင်းစားရန်အိမ်ပေါ်မီးဖိုခန်းသို့သွားနေစဉ် မင်းဦး၃၀နှစ် (ဘ)ဦးလှသန်း ရေလုပ်သား မှ မxxxxအား
အပေါ်မှတက်ခွပြီး ကာမဆက်ဆံနေကြောင်းတွေ့ရပြီးခွေးမျိုးဟု အော်ဟစ်ကာ အစ်မဖြစ်သူအားခေါ်
ယူပြသပြီးရဲစခန်းသို့တိုင်တန်းခဲ့သည်။
မxxxxအား တရားလို ဖြစ်သူ မချိုစန်းက မေးမြန်းခဲ့စဉ် မင်းဦးသည် ယခုနှစ်ဇွန်လ ကတည်းက မိမိကို
အလိုမတူပဲ သားမယားပြုကျင့်နေခဲ့သည်မှာ ၇ ကြိမ်ရှိပြီဟုပြန်ပြောသိရကြောင်း ရဲစခန်းတိုင်ချက်တွင်မချိုစန်းက ပြောဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ပေါင်ရဲစခန်းမှ (ပ)၁၉၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့်
ထားပြီးရဲအုပ်သန်းဝင်းက စစ်ဆေးနေကြောင်းသိရသည်။
Paung Daily
၆ လ သ္မီးဘဝ ထဲက မွေးစားထားသူ ၅တန်းကျောင်းသူ ကို မွေးစားသူကအကြိမ်ကြိမ်မုဒိမ်းပြုကျင့် မှုဖြစ်ပွား
Reviewed by timeayeyar
on
9:12 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment