Latest News

Thursday, April 19, 2018

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိမ်းဆည်းရမိ

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိမ်းဆည်းရမိ

ဖြူး ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး     ဖြူးမြို့နယ်  ကညွတ်ကွင်းနယ်မြေရဲစခန်းက ဧပြီ ၁၈ ရက်  ည ၇ နာရီခွဲက ကျွန်းကုန်း ကျေးရွာအုပ်စု သနပ်ကွင်းကျေးရွာ နေ   မမာမြင့်၏    ဈေးဆိုင်သို့ အမျိုးသားသုံးဦးက ငွေစက္ကူအတုဟု     ယူဆရသော ကျပ်တစ်သောင်းတန်ဖြင့်  ဈေးလာဝယ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ      ကျပ် တစ်သောင်းတန် ငွေစက္ကူအတုနှင့်      ငွေစက္ကူထုတ်လုပ်ရာတွင်    အသုံးပြု သော ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

သတင်းအရ ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှ    နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုးသက်မောင်နှင့်တပ်ဖွဲ့ဝင်များ၊ ကျွန်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးနှင့် သက်သေများက သွားရောက် ရှာဖွေစစ်ဆေးရာ     မမာမြင့်၏ ဈေးဆိုင်ရှေ့လမ်းပေါ်တွင်  ယာယီ E-2811DAYANG အမျိုးအစား ဆိုင်ကယ်နှင့်အတူ ဖြိုးလင်း(၂၄)နှစ်   မြောက်ပိုင်းရပ်  အောင်မြင်မြို့(ခ) တောကျွဲအင်းမြို့ ကျောက်တံခါးမြို့ နယ်နေသူနှင့်အတူ  ဖြိုးအောင် (၂၅)နှစ် (လိပ်စာတူ) ခင်မောင်မြင့် (၄ဝ)နှစ် (လိပ်စာတူ)တို့အား   တွေ့ရှိရပြီး အဆိုပါသုံးဦးကို     ရှာဖွေမှုများ ပြုလုပ်ရာ    ဖြိုးလင်း ဝတ်ဆင်ထား သော ဂျင်းဘောင်းဘီ ယာဘက်အိတ် အတွင်းမှ ငွေစက္ကူအတုဟု ယူဆရ သော ကျပ်တစ်သောင်းတန် အရွက်  ၄ဝ၊ ဖြိုးအောင်၏ ဂျင်းဘောင်းဘီအိတ် အတွင်းမှ     ကျပ်တစ်သောင်းတန် နှစ်ရွက်တို့နှင့်အတူ ဆိုင်ကယ်တစ်စီး တို့အား    သိမ်းဆည်းခဲ့ပြီး   ထပ်မံ စစ်ဆေးမှုများ   ပြုလုပ်ရာ  အဆိုပါ ငွေစက္ကူအတု ကျပ်တစ်သောင်းတန် များအား    ဦးဘိုဘိုနိုင် (၃၇)နှစ် မြောက်ပိုင်းရပ်  အောင်မြင်မြို့(ခ) တောကျွဲအင်းမြို့နေသူ၏  နေအိမ် ပေါ်မှ ယူလာခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ဦးဘိုဘိုနိုင်၏ နေအိမ်တဲကို ဆက်လက်ရှာဖွေရာ    ၎င်းငွေစက္ကူ အတုများ ပြုလုပ်သည်ဟု  ယူဆရ သော Ph တံဆိပ်ပါ Color Laserjet pro  mfp  m274n အဖြူရောင် Color Printer    Copyer  တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ   ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲစခန်းက တရား မဝင် ငွေစက္ကူအတုပြုလုပ်၍ သုံးစွဲ  လက်ဝယ်ထားရှိသူ     ဖြိုးလင်း၊ ဖြိုးအောင်၊ ဘိုဘိုနိုင်နှင့် ခင်မောင်မြင့် တို့အား အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment