Latest News

Friday, April 13, 2018

ရန်​ကုန်​မြို့​တော်​မဟာသင်္ကြန်​ဗဟိုမဏ္ဍပ်​ဖွင့်​ပွဲ ဝန်​ကြီးချုပ်​တက်​​ရောက်​အမှာစကား​ပြောကြား

ဧပြီ ၁၃ ရက်

၁၃၇၉ ခုနှစ်​ ရန်​ကုန်​မြို့​တော်​မဟာသင်္ကြန်​ ဗဟိုမဏ္ဍပ်​ဖွင့်​ပွဲ
အခမ်းအနားကို ရန်​ကုန်​မြို့​တော်​ခန်းမ​ရှေ့၌ယ​န့နံနက် ၇နာရီခွဲက ​ကျင်းပရာ ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းနှင့်​ဇနီး ​ဒေါ်ခင်​မိမိကြွယ်​ တို့တက်​​ရောက်​ကာ ဝန်​ကြီးချုပ်​က နှစ်​သစ်​နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားပြီး ဗဟိုမဏ္ဍပ်​အား ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့သည်​။

ဝန်​ကြီးချုပ်​က ယခုကဲ့သို့အချိန်​အခါ​ကောင်းတွင်​မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်​ရန်​ အားလုံးစည်းလုံးညီညွတ်​စွာလက်​တွဲလုပ်​​ဆောင်​ကြရန်​တိုက်​တွန်း​ပြောကြားသည်​။

           "ကျွန်​​တော်​တို့နိုင်​ငံကြီးဖွံ့ဖြိုးတိုးတက်​​အောင်​ စိတ်​ဓာတ်​ခွန်​အား​တွေနဲ့ညီညီညွတ်​ညွတ်​လက်​တွဲပြီးလုပ်​​ဆောင်​ရမယ့်​ အချိန်​ကာလတစ်ခြု​ဖစ်​ပါတယ်​၊ ရန်​ကုန်​မြို့ကြီးကို မြို့ပြအ​မွေအနှစ်​​တွေနဲ့စိမ်း​လန်း​ပြီး​နေချင်​စဖွယ်​စီးပွါး​ရေး​မြို့​တော်​ကြီးဖြစ်​​စေဖို့အတွက်​ကြိုးပမ်း​နေတဲ့ကာလတစ်​ခုဖြစ်​ပါတယ်​၊ ကျွန်​​တော်​တို့နိုင်​ငံဟာဖွံ့ဖြိုးတိုးတက်​မှု​နောက်​ကျခဲ့ပါတယ်​၊ နိုင်​ငံတကာအလယ်​မှာ ဖွံ့ဖြိုးတိုးတက်​တဲ့နိုင်​ငံတစ်​ခုဖြစ်​​စေဖို့အတွက်​ ရုန်းကန်​ကြိုးပမ်းရမယ့်​အချိန်​ကာလဘဲဖြစ်​တယ်​၊ ဒီအချိန်​ကာလမှာ ကျွန်​​တော်​တို့အားလုံးနှစ်​သစ်​ကိုကြိုပြီးနှစ်​​ဟောင်းကိုပြန်​လည်​သုံးသပ်​ရင်းနဲ့ကျွန်​​တော်​တို့ရဲ့​ခေတ်​သစ်​စနစ်​သစ်
ရဲ့ပြုပြင်​​ပြောင်းလဲမှု​တွေကို ဝိုင်းဝန်​ကြိုးပမ်း​ဆောင်​ရွက်​ဖို့အချိန်​အခါ​ကောင်းပဲဖြစ်​ပါတယ်​ " ဟု​ပြောကြားသည်​။

            ဆက်​လက်​၍ ဝန်​ကြီးချုပ်​က " သင်္ကြန်​ပွဲ​တော်​ဆိုတာ ကျွန်​​တော်​တို့မြန်​မာ​တွေရဲ့နှစ်​သစ်​ကိုကြိုဆိုပွဲဖြစ်​သလို နှစ်​​ဟောင်းကိုအတာ​ရေနဲ့​ဆေး​ကြောပြီး နှစ်​သစ်​မှာစိတ်​ဓာတ်​ခွန်​အားအပြည့်​နဲ့ရုန်းကန်​ကြဖို့လိုအပ်​ပါတယ်​၊ ရန်​ကုန်​မြို့ကြီးကိုသန့်​ရှင်းတဲ့မြို့​တော်​တစ်​ရပ်​ဖြစ်​ဖို့ဆိုရင်​ပြည်​သူလူထုကြီးတစ်​ရပ်​လုံးပူး​ပေါင်းပါဝင်​ဟာအ​ရေးကြီးပါတယ်​၊ ဠာနဆိုင်​ရာအဖွဲ့အစည်းတစ်​ခု လုပ်​ငန်းတစ်​ခု အစိုးရတစ်​ခုက​နေ​ဆောင်​ရွက်​လို့ရနိုင်​တဲ့အ​ခြေအ​နေမဟုတ်​ပါဘူး၊ ပြည်​သူနဲ့အတူရုန်းကန်​ကြိုးပမ်းရမယ့်​ကာလတစ်​ခုဖြစ်​ပါတယ်​၊ ဒါ​ကြောင့်​ကျွန်​​တော်​တို့အားလုံးညီညွတ်​တဲ့စိတ်​ဓာတ်​​တွေနဲ့ တစ်​​ယောက်​နဲ့​တစ်​​​ယောက်​​မေတ္တာတရား​တွေနဲ့ အားလုံးညီညီညွတ်​ညွတ်​နိုင်​ငံသစ်​ကိုတည်​​ဆောက်​ရင်းနှစ်​သစ်​ကိုကြိုဆိုကြပါစို့ "ဟူ၍ တိုက်​တွန်း​ပြောကြားသည်​။

YRG Info:

Unicode Version
၁၃၇၉ ခုနှစ်​ ရန်​ကုန်​မြို့​တော်​မဟာသင်္ကြန်​ဗဟိုမဏ္ဍပ်​ဖွင့်​ပွဲ
ဝန်​ကြီးချုပ်​တက်​​ရောက်​အမှာစကား​ပြောကြား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

No comments:

Post a Comment