Latest News

Friday, April 20, 2018

ကျောက်ဆည်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအား အရေးယူဆောင်ရွက်

ကျောက်ဆည်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအား အရေးယူဆောင်ရွက်

ကျောက်ဆည် ဧပြီ-၂၀

 ကျောက်ဆည်မြို့တွင်ဧပြီ(၁၉)ရက်နေ့ကလိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးတွေ့ခဲ့ပြီးမြို့မရဲစခန်းမှအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊အမှတ်(၉၂)ယာဉ်ထိမ်းတပ်ဖွဲ့စုမှ ရဲအုပ်ကျော် စိုးလွင်ဦးစီးအဖွဲ့သည် ဧပြီ(၁၉)ရက်နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီမှဦးအေး လွင်နှင့်ဦးအေးကျော်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးသန်းဝင်းတို့နှင့်အတူ ကျောက်ဆည်မြို့၊မြောက်ဘက် အထွက် မြို့ပတ်လမ်းနှင့်ရန်ကုန်-မန္တလေးလမ်းဆုံ မီးပွိုင့်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက် နေစဉ် မန္တလေးဘက်မှ ပြည်ကြီးတံခွန်ရပ်ကွက်နေ ကေအိုင်းယွန်း သံဆိုင်အလုပ်သမား မင်းသူ(၁၉)နှစ်(ဘ)ဦး ပေါ်လွင် မောင်နှင်လာသည့် 2K/------ ၊ Honda Odyssey မော်တော်ယာဉ်အားစစ်ဆေးရာယာဉ်မောင်းမင်းသူ က လိုင်စင်မဲ့ကားဖြစ်ကြောင်း ဝန်ခံပြောပြသဖြင့် ရဲအုပ်ကျော်စိုးလွင်က တရားလိုပြုလုပ်ပြီးသက်သေခံယာဉ်နှင့် ယာဉ်မောင်းတို့အားမြို့မရဲစခန်းသို့ လှဲပြောင်းအပ်နှံခဲ့ရာ မြို့မရဲစခန်းမှ ယာဉ်မောင်းမင်းသူအား အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

သက်မောင်

No comments:

Post a Comment