မူဆယ် ဧပြီ ၂၂
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မုံးကိုးသွားလမ်းပေါ် တွင် ဧပြီ ၂၂ ရက်က အဝေးထိန်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမှတ်-၅ ရပ်ကွက် ပြည်သူ့ဆေးရုံ၏ အရှေ့ဘက် ကိုက် ၅ဝဝ ခန့် ပန်ဆိုင်း(ကြူကုတ်)မုံးကိုးသွား ကားလမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်¸များ၊ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)မှ တပ်¸ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လက်နက်ကိုင်အ¸တစ်ခု(စုံစမ်းဆဲ)ထောင်ထားသည့် အဝေးထိန်းမိုင်း ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် မုံးကိုးဘက်မှ ပန်ဆိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးအား ထိမှန်ခဲ့ သဖြင့် ရှေ့လေကာမှန်ကွဲကျေပျက်စီးခဲ့ပြီး ¤င်းယာဉ်မှာ တရုတ်နိုင်ငံ ဝမ်တိန်ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်းသိရပြီး လူနှင့် တိရ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲမိုင်းမှာ အဝေးထိန်းမိုင်းတစ်လုံး ဖြစ်ကြောင်းသိရပြီး ပေါက်ကွဲမှုအား တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်-မူဆယ်(မြန်မာ့အလင်း)
No comments:
Post a Comment