Latest News

Sunday, April 22, 2018

ပိုက်ဆံအိတ်လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးရာမှ နောက်ဆက်တွဲအမှုများပေါ်ပေါက်

ပိုက်ဆံအိတ်လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးရာမှ နောက်ဆက်တွဲအမှုများပေါ်ပေါက်


စစ်ကိုင်း   ဧပြီ   ၂၂

စစ်ကိုင်းမြို့နယ်  ဝါချက်ကျေးရွာအနီး     ဧပြီ ၂၁ ရက် နံနက်ပိုင်းက လုယက်မှု၊  ဧပြီ ၁၈ ရက်ညက အိုးအိမ်တိုက်တန်း အနီးမှ  လုယက်မှုနှင့် မတ် ၂၄ ရက်က အမှုဖွင့်ထားသော ရွှေမင်းဝံရပ်ကွက် မြန်မာ့ဆက်သွယ်ရေးမှ   ဖုန်းကေဘယ် ကြိုးများ   ဖြတ်တောက်မှုများမှ  ပြစ်မှု       ကျူးလွန်သူများ ဖမ်းဆီးရမိထားကြောင်း  သိရသည်။

လုယူထွက်ပြေး
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် နံနက်  ၈ နာရီက   မန္တလေးမြို့   သံလျှက်မှော် အနောက် မင်းကုန်းရပ်နေ  ဒေါ်ခင် မာဦး(၅ဝနှစ်)သည်    ဆိုင်ကယ်ဖြင့် မ္တလေးမှ  မင်းကွန်းတိပိဋကကျောင်း တိုက်သို့  ဆွမ်းကပ်ရန် မောင်းနှင်လာစဉ် စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာအနီး အရောက်တွင် လူသုံးဦးက ၃ဝ ယ/---- ကန်ဘိုဆိုင်ကယ်ဖြင့် လိုက်လာပြီး ဒေါ်ခင် မာဦး၏ ဆိုင်ကယ်အား ချိတ်တိုက်ကာ ၄င်း၏လက်အတွင်းရှိ ငွေကျပ် ၃၂၁၃ဝဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ ထည့်ထား သော  ပိုက်ဆံအိတ်ကို လုယူထွက်ပြေး သွားခဲ့သည်။

အဆိုပါ  လုယက်မှုကျူးလွန်သူ များအား  ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးရာ ပြည်ဖြိုးအောင်(ခ ) ဂျိုးမ(၁၇ နှစ်)  အောင်သာယာရပ် ရွာထောင် တိုက်နယ် စစ်ကိုင်းမြို့နေသူ၊ တစ်ရပ်ကွက် တည်းနေသူ ပြည့်ဖြိုးအောင်(၁၆နှစ်)    နှင့်  ချစ်ဦးမောင် ( ၁၇ နှစ်)   တကောင်း ရပ်ကွက်   စစ်ကိုင်းမြို့  နေသူတို့အား         ဧပြီ ၂၁ ရက်က    ဖမ်းဆီးရမိသဖြင့်    စစ်ဆေးရာမှ  နောက်ဆက်တွဲ  ပြစ်မှု ကျူးလွန်သူများဖြစ်သည့်    ဇေယျာ ကွက်သစ်ရပ်နေသူများ    ဖြစ်ကြသည့် အောင်ကျော်ကျော် (၁၆ နှစ် )၊ ညီထက် နိုင်(ခ)ဒါဒါ (၁၆နှစ်)တို့    ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

အမှုဖွင့်အရေးယူ
ထိုသို့ ရပ်ကွက်များတွင် မကြာခဏ လုယက်မှုများ  ဖြစ်ပွားလျက်ရှိခြင်း ကြောင့် အများပြည်သူများမှာ   စိုးရိမ် ပူပန်လျက်ရှိပြီး    နယ်မြေခံရပ်ကွက်   လူထုနှင့်အတူ  အမှတ် ၁ နှင့်  အမှတ် ၂  ရဲတပ်ဖွဲ့ ဝင်များ၏   ပူးပေါင်းဆောင်ရွက်မှု ကြောင့်    လုယက်မှုကျူးလွန်သူများ    အား ဖမ်းဆီးရမိကာ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ခိုင်ဇေယျ(မြန်​မာ့အလင်း)

No comments:

Post a Comment