Latest News

Wednesday, April 25, 2018

တာလေမြို့ နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ၂၄နာရီအတွင်း ဖမ်းမိ

တာလေမြို့  နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ၂၄နာရီအတွင်း ဖမ်းမိ


တာလေ  ဧပြီ ၂၅

တာချီလိတ်မြို့နယ်၊ တာလေမြို့၊  မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု ၊ နမ့်ခမ်း(၀)ကျေးရွာအနီး သစ်တော အတွင်း၌  ဧပြီ ၂၄ ရက်နေ့၊ နံနက်က   အောင်မြင့်ဦး ဆိုသူအား ဓားဖြင့်ခုတ်သတ် ၍ ထွက်ပြေး တိမ်းရှောင်သွား သည့်   တရားခံ နိုင်ထွန်း(ခ)မင်းထွန်း(၃၄)နှစ်အား ၂၄ နာရီအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကရှာဖွေဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်ခမ်း(၀)ကျေးရွာအနီး တောင်ပေါ်သစ်တော်တစ်နေရာတွင် နေထိုင်သူများဖြစ်ကြသည့် အောင်မြင့်ဦး(၄၀)နှစ် နှင့် နိုင်ထွန်း(ခ) မင်းထွန်း (၃၄)နှစ်တို့သည်  ဧပြီလ ၂၄ ရက်နေ့၊ နံနက်က အချင်းချင်း စကား များရန်ဖြစ်ရာမှ  နိုင်ထွန်း(ခ)မင်းထွန်း က ဓားဖြင့်ခုတ်သဖြင့် အောင်မြင့်ဦး မှာနေရာတွင်သေဆုံးသွားခဲ့ပြီး၊ တရားခံ နိုင်ထွန်း(ခ) မင်းထွန်း မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ သည်။
အဆိုပါအမှုအား မိုင်းလင်းနယ်မြေ ရဲစခန်းတွင်(ပ)၁/၂၀၁၈ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ တရားခံအား အမြန်ဆုံးရှာဖွေဖမ်းဆီးရမိရေးအတွက်   ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်   မိုင်းလင်းနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်အောင်မင်းဦး နှင့် တပ်ဖွဲ့ဝင်များသည်   မိုင်းပါလျိုးနယ်မြေနှင့်   မိုင်းလင်း(အရှေ့)၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုများတွင်  ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဒေသခံပြည်သူများ၏ အကူအညီဖြင့် တရားခံအား စုံစမ်းဖော်ထုတ် လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်ပွားပြီး   ၂၄ နာရီအကြာ ယနေ့ ဧပြီ ၂၅ရက် ၊ နံနက် ၄ နာရီခွဲခန့်က   မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စု နမ့်ခမ်း(၀)ရွာအနီးတွင် တရားခံ နိုင်ထွန်း(ခ)မင်းထွန်း အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုမှ   တရားခံ နိုင်ထွန်း(ခ)မင်းထွန်း(၃၄)နှစ် အား မိုင်းလင်းနယ်မြေရဲစခန်းတွင် တရား ဥပဒေအရထိုက်သင့်သော ပြစ်ဒဏ်ပေးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment