ညောင်ရွှေမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျ လမ်းပိတ်ဆို့မှုဖြစ်ပွား စာသင်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးများထိခိုက်ပျက်စီး
ညောင်ရွေ ဧပြီ ၂၅
ညောင်ရွှေမြို့တွင် ဧပြီ ၂၅ ရက်နေ့ နံနက်၁၁နာရီခွဲအချိန်ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်းတို့ကြောင့် ညောင်ရွေမြို့အထွက်လမ်း သာစည်ကန်နံဘေးရှိ အရိပ်ရသစ်ပင်များ ကျိုးကျပြီးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ မွန်းလွဲ ၂နာရီတွင် ညောင်ရွှေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား၆၀ဦးခန့်မှ ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်မှုကြာင့် ညနေ၃နာရီခန့်တွင် လမ်းအားပုံမှန်အသုံးပြုနိုင်ခဲ့ပါသည်။
အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ရွှေမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဆောင် ခေါင်မိုးများလွင့်ပါပျက်စီးခြင်းနှင့် သာစည်ရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ခေါင်မိုးများလွင့်ပါပျက်စီးခဲ့ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အခင်းဖြစ်ရာနေရာများသို့ လိုက်လံကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူပုဂ္ဂိုလ်နှင့် တိရိစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိပါကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ - ညောင်ရွှေ
Wednesday, April 25, 2018
ညောင်ရွှေမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျ လမ်းပိတ်ဆို့မှုဖြစ်ပွား စာသင်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးများထိခိုက်ပျက်စီး
ညောင်ရွှေမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျ လမ်းပိတ်ဆို့မှုဖြစ်ပွား စာသင်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးများထိခိုက်ပျက်စီး
Reviewed by Ar Ti
on
3:27 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment