ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းသည့်နေရာသို့ ဝန်ကြီးချုပ်နှင့်အစိုးအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကွင်းဆင်းကြည့်ရှု
ဧပြီ ၂၅ ရက်
ယနေ့မွန်းလွဲ ၃နာရီခွဲ က လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်း၍ မီးခိုးမှုန်များထွက်ရှိနေသည့်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်ဆေးရုံသို့ခေတ္တဝင်ရောက်ပြီး အမှိုက်ပုံမီးလောင်ကျွမ်းသည့်အခြေအနေ၊မီးခိုးမှုန်များပျံ့လွင့်နေသည့်အခြေအနေများ၊ပတ်ဝန်ကျင်းရှိပြည်သူများကျန်းမာရေးထိခိုက်မှုရှိမရှိ၊ကျန်းမားရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် မီးခိုးများပျံ့လွင့်နေခြင်းကြောင့်အနီးရှိပြည်သူများ ဘေးကင်းရာသို့ပြောင်ရွှေ့ကူညီနိုင်ရန်လအခြေအနေများကိုဦးဆောင်ဆွေးနွေးပြီး အကူအညီပေးနိုင်မည့်အစီအစဉ်များနှင့်ကျန်းမားရေးစစ်ဆေးကုသမှုများပေးနိုင်ရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များ၊စည်ပင်သာယာရေးတာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းရာနေရာသို့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အခြေအနေများသိရှိနိုင်ရန် သွားရောက်ကြည့်ရှုခဲ့ပြီး မြေပြင်အခြေအနေဆောင်ရွက်ထားချက်များကို မြို့တော်စည်ပင်သာယာရးက်ာမတီ၊မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ၊လုံခြုံရေးတာဝန်ယူလျက်ရှိသည့်အဖွဲ့အစည်းများက ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲပြီးရှေ့ဆက်လုပ်ဆောင်မည့်အစီအစဉ်များကို ပြောကြားခဲ့သည်။
ထို့ပြင် အမှိုက်ပုံမီးလောင်ပြင်အားမီးငြှိမ်းသတ်နိုင်ရန်အတွက်လိုအပ်သော မီးသတ်ဆေးများ (BIO FOAN) ကိုပြည်ပနိုင်ငံတစ်ခုမှအမြန်ဆုံးမှယူလျက်ရှိပြီး မီးငြှိမ်းသတ်နိုင်ရန် အစိုးရမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊နောင်အနာဂတ်အစီအစဉ်အတွက် မီးဘေးကြိုတင်ကာကွယ်မှုများကို စနစ်တကျဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောကြားသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုဝန်ထမ်း၊ကယ်ဆယ်ရးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဠာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးစိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊မြို့တော်ဝန်ဦးမောင်မောင်စိုး၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊စိုက်ပျိုးရေး၊မွေးမြူ ရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ
အကြီးအကဲများ၊လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြသည်။
YRG Info:
Wednesday, April 25, 2018
ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းသည့်နေရာသို့ ဝန်ကြီးချုပ်နှင့်အစိုးအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကွင်းဆင်းကြည့်ရှု
ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းသည့်နေရာသို့ ဝန်ကြီးချုပ်နှင့်အစိုးအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကွင်းဆင်းကြည့်ရှု
Reviewed by Ar Ti
on
3:18 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment