Latest News

Monday, April 9, 2018

ညောင်တုန်းမြစ်ကမ်း စိတ်ချရရေးအတွက် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ညောင်တုန်းမြစ်ကမ်း စိတ်ချရရေးအတွက် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ညောင်တုန်း ဧပြီ ၈

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင်တည်ရှိသော ညောင်တုန်းမြို့မှ ပြည်သူ တို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးလျက်ရှိသော ရေကာတာ မကျိုးပေါက်စေရေး၊    မြစ်ကမ်းပါးပြိုကာကွယ်ထိန်းသိမ်းရေးတို့အတွက်         နိုင်ငံတော်မှ  ငွေကြေးမြောက်မြားစွာ  အကုန်အကျခံ၍ ကာကွယ်ထိန်းသိမ်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို   နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ  ယခုနှစ်တွင်  လိုအပ်သောနေရာများ၌   မြစ်ကမ်းကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် အချိန်မီဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညောင်တုန်းမြို့ (၁၉)လမ်း၊ လမ်း(၂ဝ)မြစ်ကမ်းတွင် အလျားပေ ၃၂ဝ ဘိုးပိုင် အခြေပြုကျောက်စီနံရံကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေများဖြင့် အချိန်မီတည်ဆောက်လျက်ရှိရာ သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ပြီးစီးနေပြီး ကျောက်စီနံရံများ တည်ဆောက်လျက်ရှိရာ မိုးမကျမီ၊ မြစ်ရေမတက်မီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဧရာဝတီမြစ်မှခွဲထွက်လာသော ပန်းလှိုင်မြစ်ထိပ် (၈)လမ်းမှ (၁၂)လမ်းအထိ ပန်းလှိုင်မြစ်လယ်သောင်ထွန်းနေမှုကြောင့် ညောင်တုန်းမြို့မှ ပြည်သူများက  ညောင်တုန်းမြစ်ကမ်းအတွက်   စိုးရိမ်ပူပန်မှုများရှိခဲ့ရာ ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် ညောင်တုန်းမြစ်ကမ်း ကာကွယ်ထိန်းသိမ်း  နိုင်ရေးတို့အတွက် (၇)လမ်း၊ (၈)လမ်း သောင်စပ်တစ်လျှောက်တွင် ပေ ၂၈ဝဝ  ရှည်လျားသော အုန်းတိုင်အခြေပြု အုန်းတိုင်စိုက်ရေကာတန်းကာ ကမ်းထိန်း ရေကြောင်းလွှဲလုပ်ငန်းများကိုလည်း  ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနက  တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အချိန်မီတည်ဆောက် လျက်ရှိကြောင်း သိရသည်။

၁၉၈၅ ခုနှစ်က ညောင်တုန်းမြို့ တစ်ဖက်ကမ်း ရန်ကင်းစံရာ ကမ်းခြေ တွင် သောင်ထွန်းပြီး ညောင်တုန်းမြို့ဘက်ကမ်း ကျွန်းထိပ်ပိုင်းတွင် ကမ်းပြိုမှု ကြောင့် ထိုစဉ်က တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုအရ ၁၉၈၆-၁၉၈၇ ခုနှစ်တွင် မြစ်ဖြတ်ရေခေါ် တူးမြောင်းဖောက်ခဲ့ရာမှ ညောင်တုန်းမြို့တည့်တည့် ရေကြောင်းထိုးမှုကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ မြစ်ကမ်းပါးပြိုမှုအန္တရာယ် ဆိုးဆိုးရွားရွားခံခဲ့ရသည်။ ထိုစဉ်က ညောင်တုန်းမြို့ဘက်ကမ်း သောင်ခုံကျယ် ကြီးပေါ်တွင် အခိုင်အမာတည်ဆောက်ထားသော အဆောက်အအုံများနှင့်လွတ်လပ်ရေးကျောက်တိုင်ဆုံးရှုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၈ဝဝ ကျော် ကိုလည်း ပြောင်းရွှေ့ပေးခဲ့ရသည်။ နှစ်စဉ်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်နေရသည့် ရေကာတာနှင့် မြစ်ကမ်းဖြစ်သည်။

နေလင်း(ညောင်တုန်း)

No comments:

Post a Comment