Latest News

Monday, April 9, 2018

‌သုဝဏ္ဏဝတီမြို့အနီး၌ ဟိုင်းလပ်မော်တော်ယာဉ်က ရပ်ထားသော သုံးဘီးဆိုင်ကယ်အား တိုက်မိ လူ ခုနူစ်ဦး ဒဏ်ရာ ရရှိ

‌သုဝဏ္ဏဝတီမြို့အနီး၌ ဟိုင်းလပ်မော်တော်ယာဉ်က ရပ်ထားသော သုံးဘီးဆိုင်ကယ်အား  တိုက်မိ  လူ ခုနူစ်ဦး ဒဏ်ရာ ရရှိ


သုဝဏ္ဏဝတီမြို့ ဧပြီ ၉

    မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး နောင်ဘိုကျေးရွာ၌  ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းမကြီး ပေါ်တွင် ဧပြီ ၉ ရက်နေ့ နေ့လယ်ပိုင်း ၁၂နာရီ အချိန်ခန့်က ကုန်ပစ္စည်းတင် Hilux မော်တော်ယာဉ်က ရပ်ထားသော သုံးဘီးဆိုင်ကယ်ကို  အရှိန်မထိမ်းနိုင်ဘဲ ဝင်ရောက်တိုက်မိကြောင်း သိရသည် ။

     ဖြစ်စဉ်မှာ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ ၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နောင်ဘိုကျေးရွာ ဘူတာလမ်းထိပ် မိုင်တိုင်အမှတ် ၁၄၁ / ၀  နှင့်  ၁၄၁/ ၁ အကြားတွင် သထုံမြို့ဘက်မှ ဘီးလင်း မြို့ဘက်သို့ ယာဉ်မောင်း ဦးဇော်မျိုးနိုင် (ပဲခူးမြို့ ရပ်ကွက်(၉) နေသူ)   မောင်းနှင်လာသော ယာဉ်အမှတ် YGN 3A /----- ဟိုင်းလတ်အမျိုးအစား အဖြူရောင်ယာဉ်သည် ရှေ့မှ ကားလမ်းပေါ်၌ ခရီးသည်အတင်အချ ပြုလုပ်ကာ ရပ်ထားသော ယာဉ်မောင်း စောဟဲထူး (အပြင်အနန်းကုန်း ကျိုက္ကော်) နေသူ   မောင်းနှင်သည့် ယာဉ်အမှတ် ၉ဟ/----- နံပါတ်ပါ ခရီးသည်တင် သုံးဘီးဆိုင်ကယ် (အပြာရောင်)အား အရှိန်မထိန်းနိုင် တိုက်မိပြီး သုံးဘီးဆိုင်ကယ်မှာ လမ်းဘေးသို့ ထိုးကျသွားပြီး  ဟိုင်းလတ်ယာဉ်မှာ ကားလမ်းမဘေး၌ ပတ်လက်လန် တိမ်းမှောက်သွားသောကြောင့် ယာဉ်များပေါ်တွင် လိုက်ပါလာသူ ၇   ဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိသွားသောကြောင့် သုဝဏ္ဏဝတီမြို့ လူမှုကယ်ဆယ်ရေးယာဉ်များဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ ကုသပေးထားရကြောင်း သိရသည် ။

    အဆိုပါ ယာဉ်တိုက်မှုတွင် ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိစေခဲ့သူ ယာဉ်မောင်းများအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ  စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။
               ခွန်(ဝင်းပ)

No comments:

Post a Comment