ကသာ ဧပြီ ၎
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကသာမြို့၊အမှတ်၁၀၆ယာဉ်ထိန်းတပ်စုမှတပ်ဖွဲ့ဝင်များသည်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ နှင့်ပါဝါအိတ်ဇောတပ်မောင်းသည့်ဆိုင်ကယ်များကိုနေ့စဉ်ဖမ်းဆီးအရေးယူနေကြောင်းသိရသည်။
ထို့ပြင်သင်္ကြန်ကာလအတွင်းမှာလည်းဆိုင်ကယ်ဦးထုပ်မဆောင်းဘဲလည်ပတ်သူများနှင့်ပါဝါအိတ်ဇောတပ်မောင်းသည့်ဆိုင်ကယ်များကိုဖမ်းဆီးထိန်းသိမ်းထားပြီး သင်္ကြန်ကာလပြီးမှသာလျှင်ဒဏ်ငွေဆောင်စေပြီးပြန်ထုတ်ပေးမည်ဟု အမှတ် ၁၀၆ ယာဉ်ထိန်းတပ်စုတာဝန်ရှိသူကပြောပြသိရှိရသည်။
ကိုမင်း(အင်းတော်)
No comments:
Post a Comment