Latest News

Wednesday, April 4, 2018

မြောင်းမြတံတားကျိုးကျပြီး ရေထဲသို့ ပါသွားသော ၆ ဘီးယာဉ်ကုန်တင်ကား ဆယ်ယူရရှိ

မြောင်းမြတံတားကျိုးကျပြီး ရေထဲသို့ ပါသွားသော  ၆ ဘီးယာဉ်ကုန်တင်ကား ဆယ်ယူရရှိ


မြောင်းမြ     ဧပြီ   ၎

မြောင်းမြကြိုးတံတားကျိုးကျပြီးတံတားနှင့်အတူ ၆ ဘီးကုန်ကားတစ်စီး ပါသွားရာ ယနေ့ နေ့လည် ၁၂ နာရီ၃၅ ခန့်တွင် ဆယ်ယူရရှိခဲ့ပြီဖြစ်သည်။

တံတားအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ l မီးသတ်တပ်ဖွဲ့ဝင်များ ရေငုပ်သမားများ  ကြိုးစားအားထုတ်မှုဖြင့် ဧပြီ ၁ ရက်နေ့ အခင်းဖြစ်နေ့ညနေ ၅ နာရီ ကျော်ခန့်တွင် ယာဉ်နှင့်အတူပါသွားသူ ယာဉ်မောင်း မဲကြီးခေါ် သန်းဇော်ထိုက်အား ပိတ်ညပ်နေသောကားခေါင်းခန်းအတွင်းမှ သေဆုံးလျှက်ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်နောက်လိုက်အား ယနေ့ ကုန်ကား ဆယ်ယူရရှိပြီးသည်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

         မြောင်းမြ တံတားသစ်စီမံကိန်းမှ ဇက်ရေယာဉ် ၁၁၂ အပေါ် တံတားအထူးအဖွဲ့၁၀ တန် ဝန်ချီစက် တင်ဆောင်၍ ရေအောက်တွင် တံတားဖြင့် ပိညပ်နေသော မော်တော်ယာဉ်အား ယနေ့ နံနက် ၉နာရီခန့်တွင် ဆယယူခြင်းလုပ်ငန်း စတင်ကာ နေ့လည် ၁၁ နာရီခန့်တွင် ဆွဲထုတ်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ ၃၅ တွင်မှသာ ကုန်းပေါ်သို့ ဆယ်တင်နိုင်ခဲ့သည်။

            ဧပြီ၁ ရက်နေ့ နံနက်  ၁နာရီ ၄၅ အချိန်ခန့်က ရန်ကုန်ဘက်မှ ကြက်စာ ငါးမှုန့် အိပ်များ တင်ဆောင်လာသော မြောင်းမြမြို့ နတ်စင်လမ်းနေ ဦးအောင်ကြီးအပိုင် 2J ---- NISSAN အဖြူရောင် ၆ ဘီးကုန်တင်ယာဉ်က မြောင်းမြတံတားအပေါ်ဖြတ်မောင်းစဉ် မြောင်းမြဘက်ကမ်း ချဉ်းကပ်ခုံမှ ဆိုင်းကြိုးများ ပြတ်ကာ တံတားကြိုးပြတ်ကျမှုဖြစ်ကာ ကုန်ကားနှင့် ယာဉ်မောင်းl ယာဉ်နောက်လိုက်တို့  ပါ ပြုတ်ကျ သေဆုံးမှု ဖြစ်ခဲ့ကာ ယနေ့ ကုန်တင်ယာဉ်အား ရှာဖွေဆယ်ယူရရှိခြင်းဖြစ်သည်။

              ခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှုများအတွက် မြောင်းမြဘက်ကမ်းတွင် ဇက်ရေယာဉ်ဆိပ်ကမ်း ဆောင်ရွက်လျှက်ရှိပြီး မကြားမီ ဇက်ရေယာဉ် ၃ စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

              အောင်မင်း (မြောင်းမြ)

No comments:

Post a Comment