အခမဲ့ ဇတ်ရေယာဉ်ငယ် ပြေးဆွဲနေဆဲပါ
အင်းအားတော့ နည်းသွားပြီး ဆန္ဒသုခ တစီးတည်း
ဇက်ဆိပ်ပြီးပြီ ချဲ့သင့်သေးတယ်...
ဇက်ကြီး ၂ စီး မိုးလင်းထဲက ဆွဲတယ်...
ကနေ့ကမ်းဟိုဘက်သည်ဘက် အသွားအပြန် ၂၇၅ စီးသယ်ပေးတယ်...
ဆိုင်ကယ်....၅ ရာနီးပါးကူးတယ်....ဂေါ်လေးနဲ့ကူးတယ်...
အမှတ် ၃ ကျောင်းဘက်ကို ထွက်တဲ့ဘေလီတံတား နောက်တစ်ရက် နှစ်ရက် ဖွင့်နိုင်တော့မယ်
ဘုရားချောင်း အဝ ဘုရားနားက တံတားက နိမ့်လာတယ်..
အန္တရာယ် ရှိလာပြီ အမှု့မဲ့ အမှတ်မဲ့ ဖြတ်တုန်း
အခမဲ့ ဇက်ဆိပ်မှာ cso တွေနဲ့ လွှတ်တော် ကိုယ်စားလှယ် ရုံးအဖွဲ့ ကွပ်ကဲနေတယ်...
ရဲ၊ယာဉ်ထိမ်း၊မီးသတ် အရပ်ဖက် ဝိုင်းဝန်းနေတယ်...
တကိုယ်ကောင်း အတ္တသမားနဲ့ အခွင့်အရေးအမြတ်ထုတ်မယ့်သူတွေ နဲ့ နေ့စဉ်ပွတ်တိုက်ဆဲ...
အစိုးရ ဦးမဆောင်နိုင်သေးပါ
တံတားအောက် အလောင်း ၂ လောင်း တလောင်းပဲပြန်လည်ရှာတွေ့သေးတယ်...ကားဆယ်ပြီးပြီ...
တောသူမယ်...နှစ်ထပ်ကောင် ရောက်လာပြီ...
ပြေးဆွဲဖို့စီစဉ်ဆဲ.....
လူတွေကတော့ ကူးတို့ဆိပ်တွေမှာ အပြည့်
ညဘက်ကားကူးလို့မရသေး...
ကုန်ကားတွေ အခွံပဲကူးနေတာတွေ့ရတယ်...
ကုန်အပါ ကူးနိုင်မှ အဆင်ပြေမယ်...
နို့မို့ သယ်ယူစားရိတ်ကြောင့် ကုန်ဈေး နှုန်းကျိန်းသေတက်မယ်...
လုပ်အားပေးတွေ မနားသေး...
လုပ်အားပေးတွေကို ရေသန့်၊အစားအသောက် မပြတ်မြို့က ထောက်ပံဆဲ...
လူနာတွေ ရွာပတ်တယ်...
ဇက်စောင့်ရမယ်...
လူနာတင်ကား တွေ အရေးပေါ်လူနာဆို အဆင်မပြေသေး
အချိန်းအပြောင်း အတင်အချ ကြန့်ကြာနေတုန်း....
နဝရက် လမ်းမကြီးကနေ ပတ်လမ်းကို ဖောက်ထွက်မယ့်လမ်းတို မနည်းပြီးနေပြီ...
ကုန်ကားအခွံတွေ တော်တော်များများကမ်းကူးသွားပြီ
ခရီသည်တင်ကားတွေလည်းတော်တော်များများကမ်းကူးသွားကြပြီ...
ဝန်ထမ်းတွေပင်ပန်းကြတယ်...
ပြည်သူတွေပင်ပန်းကြတယ်...
ပြောရရင် တံတားတစင်းကြောင်း မြောင်းမြဟာပင်ပန်းရတယ်..
လောင်စာဆီတွေ ပိုက်နဲ့ ကားထဲကပြောင်းထည့်နေတယ်..
ကမ်းစပ်နေရာစုံ
အန္တရာယ်ကြီးနေတယ်...
အစိုးရမင်းတွေဆီက ဒီထက်ကောင်းတဲ့ အစီအမံတွေ
မျှော်လင့်နေကြတယ်...
တချို့ကလည်း အတိုင်ပင်ခံလာလို့ အလုပ်ရှုပ်နေကြတယ်...
အမေစုဆီကလည်း
မြောင်းမြဟာ ပင်ပန်းသလောက်
ဘာမှ ပြန်မရရင်တောင်
၁၀ ရက်နေ့မှာ အားအင်အချို့ပြန်ရချင်ကြတယ်..
နေ့တစ်ဝက်သုံးမယ့် ပန်းတွေ သိန်း၊သောင်းချီကုန်ပြီး
မဝယ်သုံးချင်ဘူး
စစ်အစိုးရကို သတိရစေမယ့်
ဆေးအသစ်တွေ အမြန်သုတ်နေတာကလည်း
အမေနဲ့ သားသမီးအရင်းတွေ သွေးခွဲနေသလိုပဲ
အမေလည်း ကြိုက်မယ်မထင်ဘူး
အမေ့ကို အရှိအတိုင်းပြချင်ကြတယ်...
မြောင်းမြရဲ့ နှလုံးသားတွေကို
မြောင်းမြရဲ့ အရှိတရားတွေကို
ခန်းမ ထဲမှာ မရနိုင်ပါဘူး...
ဇက်ဆိပ်တွေမှာ
Traffic ဖြစ်နေတဲ့ လမ်းတွေမှာ
တွေ့နိုင်ပါတယ်.....
ဘာပဲဖြစ်ဖြစ်...
မြောင်းမြသားတွေရဲ့ ညီညွှတ်မှုတွေကို
အမေ ဘာမှ မသိပဲ...
အသစ်ယောင်ယောင်
ခန်းမထဲမှာ
ကြိုတင်လေ့ကျင့်ထားတဲ့ စပီကာတွေနဲ့
အမေစကားပြောပြီးပြန်တော့
မြောင်းမြဟာ လုံးထွေး ပြီးကျန်ခဲ့မှာပါပဲ....😔
Wai Lin Aung
Sunday, April 8, 2018
တံတားပျက်ပြီး တစ်ပတ်အကြာ မြောင်းမြ နှင့် ဧပြီ ၁၀ ရက်
တံတားပျက်ပြီး တစ်ပတ်အကြာ မြောင်းမြ နှင့် ဧပြီ ၁၀ ရက်
Reviewed by timeayeyar
on
5:11 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment